ကိုယ့်အစား ပူ​ပေး​နေ​သော ဂျီလုံး​လေးကို ကြည့်ကာ

"​အေး​ဆေးပါကွာ..."

"ပြီး​ရော ဒါဆိုလည်း.."

​ကျောင်းပြီး​တော့ Taehyungက သူဝါသနာပါရာအလုပ်ကို တစ်စိုက်မတ်မတ် လုပ်ခဲ့သူ ဖြစ်သည်။ အစက ပန်းချီကား​တွေကို စု​ဆောင်းသည်...။​နောက် တဖြည်းဖြည်းနဲ့ တိုးချဲ့လာတာ ခုဆို ပြခန်းပိုင်ရှင်တစ်ဦး ဖြစ်​နေပြီ​လေ...။ တစ်ခါတ​လေ ဟိုခြစ်ဒီခြစ်နဲ့ စိတ်လိုလက်ရ ပန်းချီဆွဲတတ်​သေးသည်။

အလုပ်​တွေ ဘယ်​လောက်ပဲ မအားလပ်ပါ​စေ...သူ့အတွက်ဆို Taeက အသင့်ရှိ​နေ​ပေးတယ်။

ခုလည်း နှစ်​ယောက်လုံးရဲ့ ဇာတိ​မြေဖြစ်တဲ့ ဘူဆန်ကို Jimin​ကြောင့် Taehyung လိုက်လာခြင်း ဖြစ်သည်။ တကယ်ဆို Taehyungဘူဆန် မပြန်ဖြစ်တာ အ​တော်ကြာ​နေပြီ။ ခု​တော့ Jiminအတွက်နဲ့ သူပါ ဘူဆန်​မြေသို့ ​ခြေပြန်ချမိခြင်း ဖြစ်သည်။

​မွေးဖွားရာ ဇာတိမလို့လား မသိဘူး..ဒီကို ပြန်​ရောက်လာတာ တကယ်​​ကောင်းတယ်လို့ ထင်မိသည်။ ​နွေး​ထွေးမှုကိုလည်း ခံစားမိသလိုပဲ..။ဒီမှာ Jiminနဲ့ သူ့ရဲ့ ငယ်ငယ်တုန်းက အမှတ်တရ​ကောင်း​တွေ များစွာ ရှိခဲ့ပါတယ်။

Jiminစိတ် သက်သာရာ ရသလို သူလည်း ​ပျော်မိပါတယ်။ ဘူဆန်ကို သူဘာလို့များ ပြန်မလာဖြစ်တာလဲ မသိဘူး..။ ​နောက်ဆို ခဏတိုင်း ပြန်လာအုန်းမှပါ...။

ဘူဆန်သို့ Taehyung​ရောက်ချလာ​တော့ သူ့အိမ်သူ ပြန်မ​နေဘဲ Jiminအိမ်မှာပဲ လာ​နေတယ်..။
Jiminအတွက်ဆို သိပ်​တွေး​ပေးတတ်တဲ့ Taehyungက အဖိုးမဖြတ်နိုင်တဲ့ လူသား​လေးပဲ...။

Taeရယ် မင်းရဲ့ အ​​လေးထားမှု တစ်ဝက်​လောက်သာ Jeonဆီက ရခဲ့မယ်ဆိုရင် ငါခု​လောက်ထိ နာကျင်မိမှာ မဟုတ်ဘူး...။

"Jimin..ငါတို့ ဘူဆန် ကမ်း​​ခြေဘက် သွားရ​အောင်..."

"သ​ဘောပဲ...သွား​လေ"

"အင်း ​နေဝင်ချိန် သွားကြည့်ရ​အောင်"

"OK"

ဘူဆန်​ရောက်​တော့ Jiminရဲ့ စိတ်အ​ခြေအ​နေလည်း ​တော်​တော် တည်ငြိမ်လာခဲ့ပြီ..။
ဘူဆန်မှာပဲ ​နေ​တော့ရင် ​ကောင်းမလား​တောင် ​တွေးမိလိုက်​သေးတယ်။ ဒီ​နေရာ​လေးက သူ့ရဲ့ ဒဏ်ရာ​တွေကို ကုစား​ပေးရာ ​နေရာ​လေးဆိုလည်း မမှားဘူး​လေ။

Forget Me NotWhere stories live. Discover now