ကျောင်းကို ပြန်ရောက်သောအခါ ညနေပင်ဖြစ်နေခဲ့ပြီ။ သူက ကန်တင်းကို ညစာသွားစားခဲ့ပြီး အခန်းပြန်ရောက်လျှင် ကွန်ပြူတာကို ဖွင့်လိုက်၍ အွန်လိုင်းကနေ ဈေးပေါတဲ့ ဖုန်းတစ်လုံးကို မှာလိုက်သည်။ သူ ငွေချေဖို့ Codeကို Scanဖတ်သည့်နောက်ဆုံးအဆင့်ရောက်သောအခါ ချက်ချင်းပင် အခက်တွေ့သွားသည်။

အရမ်းစိတ်လိုက်မာန်ပါဖြစ်နေတယ်.....

ဖုန်းပြန်မပေးခင်မှာ အရင်ဝယ်လိုက်သင့်တာ...

သူ့ရဲ့ ဖုန်းအဟောင်းလေးကို ထပ်ပြီး ထုတ်ကြည့်လိုက်သည်။ အားသွင်းနေတုန်းမှာ ဖုန်းလေးပြန်ပွင့်ဖို့ ဆုတောင်းလိုက်မိပေမယ့် ထိုနေ့ကတော့ ကံကောင်းခြင်းကသူ့ကို ရုတ်တရက်ကြီးချန်ထားသလိုပင်။ ဖုန်းက လုံးဝကို ပျက်သွားပုံရသည်။သူ ဖုန်းဖွင့်မရတော့သောအခါ ပြတင်းပေါက်ကို တွေဝေစွာကြည့်နေမိသည်။

အိပ်ဆောင်အောက်ထပ်တွင် အများသုံးဖုန်းတစ်လုံးရှိသည်။ ဒေါ်လာတစ်ဆယ်နဲ့ ဖုန်းကဒ်တစ်ကဒ်ကို ဝယ်ပြီး အိမ်ကိုဖုန်းခေါ်ကာ သူ့အမေကို ပိုက်ဆံတောင်းရလိမ့်မည်။ မူလက တစ်ပတ်အကြာ သူ့အမေမွေးနေ့၌ ခေါ်ဖို့စီစဉ်ထားပေမယ့် အခုတော့ အကူအညီအတွက် ခေါ်ရတော့မည်ဖြစ်ပြီး လက်ဆောင်နဲ့ Surprise ကလဲ အချည်းနှီးဖြစ်သွားရသည်။

ဒီတိုင်းပဲ အလုပ်ကြိုးစားလိုက်တာပိုကောင်းမှာပဲ...

ထိုသို့တွေးပြီးနောက် သူ့အကြည့်ကို ရုတ်သိမ်းလိုက်ကာ Alipay* Website ကို ဖွင့်လိုက်ပြီး သူ့ Usernameနဲ့ Passwordပြန်ရဖို့တစ်နာရီလောက် အလျှော့မပေးဘဲ ကြိုးစားလိုက်သည်။ သူ Websiteကို Log in ဝင်လိုက်ပြီး ငွေချေလိုက်သည်။

【*Alipay = online payment platform.]

အားလုံးပြီးဆုံးသောအခါ 9နာရီပင် ထိုးလုနေပြီဖြစ်သည်။ အန်းနင် စားပွဲခုံပေါ်တွင်လှဲချလိုက်သည်; မီတာ 1,500 လောက်ပြေးရသည်ထက်ပိုမို ပင်ပန်းနေခဲ့သလိုဖြစ်နေသည်။

သူက ယွမ်600ကျတဲ ဖုန်းလေးတစ်လုံးကို ရွေးခဲ့သည်။ အော်ဒါမှာပြီးနောက်တွင် သူခေါင်းထဲ၌ တွက်ချက်နေမိသည် ။ သူ့ရဲ့လစာတွေကနေ ယွမ်နှစ်သောင်းကျော်ရပေမယ့် ဒါတွေအကုန်လုံးက သူ့ရဲ့နေစရိတ်နဲ့ ကျူရှင်ဖိုးတွေဆီပဲ ရောက်သွားတာဖြစ်ပြီး အိမ်ကလဲ သူ့ကို အပိုငွေမပေးပါချေ။ အေမြို့တော်ရဲ့ဈေးနှုန်းတွေက သူ့မွေရပ်မြေရဲ့ နှစ်ဆရှိသည်​။ မူလကသူအခန်းထဲက second-hand computer လေးက အတော်လေးနှေးနေပြီဖြစ်၍ ပိုက်ဆံစုပြီး တစ်လုံးလောက်ဝယ်ဖို့ စီစဉ်ထားခဲ့သည်။

လီမွန်ရောင်လျှပ်စီး || ဘာသာပြန် || 『Completed』Where stories live. Discover now