အပိုင်း(၂၀)

Start from the beginning
                                    

"ဖြစ်နိုင်မယ်ဆိုရင် မင်းတို့သုံးယောက်လုံးမိန်းမယူတာကိုကြည့်ချင်သေးတာ အဟင်း"

မျက်ရည်တွေဝဲကာ အငိုမျက်လုံးအပြုံးမျက်နှာလေးနှင့် ပြောလာသည့်ဆရာ့ကောင်လေးကြောင့် အာဂရော မာနပါမျက်ရည်တွေဝိုင်းလာရသည်။

ဒီဂျစ်ကန်ကန်နှင့်သူတို့ပြောစကားဆိုလုံးဝနားမထောင်တတ်သည့်ကောင်လေးကို သံယောဇဥ်ရှိတာတော့အမှန်ပင်။ဒီဆရာဒီတပည့်တွေပဲနေလာခဲ့ရသည့်သူတို့ဘဝထဲကို  ခဏတာဝင်ရောက်လာသည့်ကောင်လေးသည် ဖြူဖြူသေးသေးနှင့်ကရင်ကောင်လေးဖြစ်ချေသည်။

"စိတ်ချသိလား ငါမင်းတို့ကိုမေ့မှာမဟုတ်ပါဘူး သော်က၊အာဂနဲ့မာန"

"အခုကနောက်ဆုံးတွေ့ဆုံမှုပဲ ငါ့ကိုအကိုကြီးလို့မခေါ်ချင်ကြဘူးလား"

ညီလေးအရွယ်ကလေးတွေတွေ့ရင် စောလွန်းအမြဲညီဖြစ်သူကိုသတိရတတ်သည်။အခုချိန်ညီလေးသာအသက်ရှိနေသေးမည်ဆိုလျှင် အသက်၂၀ပြည့်ပြီးလောက်ရောပေါ့။အင်း ဓားပြကြီး၏တပည့်တွေအရွယ်လောက်ပင်။ထို့အတွက်ကြောင့် သူတို့ဆီကအကိုကြီးဟုခေါ်သည့်အသံကိုကြားချင်မိပါသည်။စောလွန်းကိုယ်တိုင်လည်း သူတို့ကိုညီလေးတွေလိုသဘောထားတာမို့။

"ကောင်းကောင်းသွားပါ အကိုကြီး"
"ကျုပ်တို့ကိုလည်းမမေ့နဲ့နော် အကိုကြီး"

မျက်ရည်လေးတွေဝေ့လို့ပြုံးလျက်နှုတ်ဆက်လာသည်က အမြဲတကျက်ကျက်ရန်ဖြစ်နေတတ်သည့် ကတုံးလေးအာဂနဲ့ငတုံးလေးမာန။

စောလွန်းလည်းပြုံးလျက်ပင်ခေါင်းညိတ်ပြမိသည်။ထို့နောက်...ခေါင်းငုံ့ကာတိတ်ဆိတ်နေသည့် သော်ကအနားကိုတိုးသွားလိုက်ကာ ထိုကောင်လေးနှုတ်ကထွက်လာမည့်ခေါ်သံကိုနားစွင့်နေမိသည်။

"ကိုကြီး"

စက္ကန့်အနည်းငယ်ကြာပြီးမှထွက်ပေါ်လာသည့်ခေါ်သံလေးကြောင့် စောလွန်းမျက်ရည်တွေကြားကကျေနပ်စွာပြုံးမိသည်။တူလိုက်တာ...သော်ကကစောလွန်း၏တစ်ဦးတည်းသောညီလေးနှင့်သိပ်တူသည်။အကိုကြီးလို့မခေါ်ဘဲ ကိုကြီးလို့ခေါ်တာကအစတူသည်။

"ဗိုလ်ရာဇနှင့်သူ၏ချစ်သက်လယ်" [Complete]Where stories live. Discover now