အပိုင်း(၂၀)

Start from the beginning
                                    

"ငါစိတ်ချမယ်နော်"

.
.

"နောက်ဆုံးတော့ခင်ဗျားလည်းအိမ်ပြန်တော့မှာပေါ့ ဒါလည်းကောင်းပါတယ် ကျုပ်တို့အလုပ်မရှုပ်တော့ဘူးပေါ့ မဟုတ်လားမာန"

"ဟုတ်တယ်ဟေ့ကောင်ရေ မဟုတ်ရင်...ဟိုဟာစားချင်တယ်ဒီဟာစားချင်တယ်နဲ့ပူဆာနေလိုက်တာများ မသွားဖြစ်တာကြာပြီဖြစ်တဲ့သူ့ဇာတိမြေကိုပြန်ရောက်နေသလားအောက်မေ့ရတယ်"

နှုတ်ဆက်ချိန်၌ပြောလာသည့်စကားများကြောင့် စောလွန်းမျက်နှာရှုံ့မဲ့သွားရသည်။နှစ်ယောက်လုံးစောလွန်းနှင့်အကြည့်ချင်းမဆုံသည်ကိုကြည့်ခြင်းဖြင့် စိတ်ထဲကမပါဘဲပြောနေမှန်းလည်းသိပါသည်။

"ကဲပါ စိတ်ထဲကမပါဘဲနဲ့အကိုကြီးကိုအပြစ်တင်မနေပါနဲ့"

"အဟက်! ပြောရဲတယ်နော် အကိုကြီးတဲ့"

ငုတ်စိလောက်ဆံပင်တွေကိုဟန်ပြသပ်ပြကာ ပြောလာသည့်အာဂပုံစံကိုကြည့်ပြီး အားလုံးပြုံးစိစိဖြစ်သွားရသည်။သော်ကကတော့သူ့ပင်ကိုစတိုင်လေးအတိုင်း တည်ငြိမ်ဟန်ဆောင်၍စောလွန်းတို့ကိုမျက်နှာလွှဲထားသည်။

ကိုယ်စီပြုံးနေကြသော်လည်း ရက်အနည်းငယ်အတူစားအတူနေလာသည့်လူတွေဖြစ်တာကြောင့် နှုတ်ဆက်ချိန်၌ဘယ်သူမှပျော်ရွှင်မနေပါ။အားလုံး၏စိတ်ထဲအများကြီးမဟုတ်တောင် အနည်းငယ်တော့ဝမ်းနည်းကြရမည်သာ။

အခြေအနေကခေတ္တတိတ်ဆိတ်သွားတာကြောင့် နှုတ်ဆိတ်သွားကြသည့်ကောင်ကလေး သုံးယောက်ကိုစောလွန်းလေးလေးနက်နက်ကြည့်မိသည်။ကိုယ့်ထက်အသက်ငယ်သောဒီကောင်လေးတွေက တစ်ပတ်ဆိုသည့်အချိန်အတောအတွင်း တတ်စွမ်းသလောက် ကိုယ့်ကိုစောင့်ရှောက်ခဲ့ကြတာပဲဆိုသည့်အတွေးက အနည်းငယ်တော့မျက်ရည်လည်စေသည်။

"မင်းတို့သုံးယောက်လုံးကိုကျေးဇူးတင်ပါတယ်နော် ဒီအတောအတွင်းစိတ်ရင်းနဲ့စောင့်ရှောက်ပေးခဲ့ကြတဲ့အတွက်"

စောလွန်းဟိုဟာလေးစားချင်လည်းလုပ်ကျွေးလိုက် ပျင်းတယ်ဆိုရင်လည်းဟာသအကြောင်းတွေပြောပြလိုက်နှင့် ခဏတာအချိန်လေးမှာသူတို့သုံးယောက်ကြောင့်လည်းပျော်ရွှင်ခဲ့ရပါသည်။

"ဗိုလ်ရာဇနှင့်သူ၏ချစ်သက်လယ်" [Complete]Where stories live. Discover now