" ကိုယ်က ပိုချစ်တယ် "

သူကြားချင်တဲ့စကားကြားမှပဲ အင်္ကျီအမြန်ကောက်၀တ်ကာ အခန်းရှေ့ထွက်သွားတော့တယ်...လူဂွစာကို ချစ်သူတော်ထားရတာလဲ မလွယ်လှပါလား.....

" ဘာကိစ္စလဲ မိလှိုင် "

" သခင်လေးဆီ ဖုန်း၀င်လာလို့ပါ "

" ဘယ်သူမို့လို့ ငါ့ဖုန်းကိုမဆက်ပဲ အိမ်ကဖုန်းကိုလာဆက်နေတာလဲ "

" အဲ့တာတော့ မိလှိုင်လဲမသိလို့ပါသခင်လေး....ဟိုဘက်ကလူက ဗစ်တာကို ခေါ်ပေးလို့ပဲပြောတာပါ "

" ဘာ!!! ဗစ်တာ? "

" ဟုတ် "

တဖက်ကဖုန်းဆက်တဲ့လူ ဘယ်သူမှန်းသိသွားတာကြောင့် ဟန်နရီ အိမ်တော်ရဲ့အောက်ထပ်ကို အမြန်ပြေးဆင်းသွားလိုက်သည်
ပီးမှ ပတ်၀န်းကျင်အခြေအနေကို အကဲခတ်လိုက်ပီး ဖုန်းကိုကောက်ကိုင်လိုက်သည်

အချိန်အတော်ကြာ ဖုန်းပြောပီးနောက် လေးလံတဲ့ခြေလှမ်းတွေနဲ့ ဟန်နရီ သူ့အခန်းထဲရှိရာကို ပြန်တတ်လာခဲ့သည်...လှေကားထိပ်မှာ လမ်းပိတ်ပီး ရပ်နေတဲ့ အမ်မလီကြောင့် ဟန်နရီပိုစိတ်ရှုပ်သွားပုံရသည်...ဟန်နရီရဲ့ အကြည့်တွေက ပိုစူးရှလျှက်....

" ကိုကို့မျက်နှာလဲမကောင်းပါလား ခုနကဘယ်သူနဲ့ဖုန်းပြောနေတာလဲ "

" ဘာလို့ ငါ့ကိစ္စတွေကိုအရမ်းစိတ်၀င်စားနေရတာလဲ "

" ကိုကိုနဲ့ လက်ထပ်ရမဲ့သူပဲလေ ဒီလောက်တော့သိထားသင့်တယ်မှတ်လား "

" အဟက်...မင်းကရယ်စရာတော့ကောင်းသားပဲ မင်းလဲငါ့ကိုမချစ်ဘူးမှတ်လား ဟမ် "

" ကိုကိုကော လီလီ့ကိုချစ်လို့လား "

" အပိိုစကားတွေမပြောပဲငါ့ရှေ့ကဖယ်လိုက်တော့ "

" ဖယ်မှာပါ ကိုကိုရဲ့စိတ်တွေ ဘယ်အချိန်ထိတောင့်ခံနိိင်အုံးမလဲဆိုတာ လီလီစောင့်ကြည့်နေမယ် "

မဲ့ပြုံးလေးတချက်သာပြုံးသွားပီး ဂရုမစိုက်ပဲထွက်သွားတဲ့ဟန်နရီကို အမ်မလီအံကြိတ်ကာ မျက်စောင်းထိုးကြည့်လိုက်သည်..ဟန်နရီနား ရန်သူတွေပေါများလှပါဘိ....

HANARY(S1+S2) Where stories live. Discover now