"မဆိုးပါဘူး ဒါပေမယ့်ဘာလို့သတ်ပေးရမှာလဲ"

သူတို့ဂိုဏ်းကတစ်ဖက်ဂိုဏ်း ဒါမှမဟုတ်သတ်ရမည့်
လူနှင့်ပြသာနာမရှိလျှင် ငွေကြေးအမောက်များလည်း
လက်မခံတတ်​ပေ ။ အဘယ်ကြောင့်ငွေနောက်လိုက်ရင်းကိုယ့်ဒုက္ခကိုယ်ခေါ်မည်နည်း ။

"နှင်းဆီနက်"

တစ်ခါကသဘောတကျရှိခဲ့ဖူးသည့်မိန်းကလေး၏ အမည်ကြောင့်သူ့ရှေ့ကလူကို သေချာကြည့်မိသည်။ ထိုမိန်းကလေးနှင့်ပတ်သတ်တဲ့လူက

"စိမ်းညှို့သျှင်မာန်"

သူ့အပြောကိုခေါင်းညှိတ်ထောက်ခံသည့်တစ်ဖက်လူ
ကြောင့်သူ့အတွေးတွေထဲ မီးခိုးရောင်ဆံပင်နှင့်လူက
ရောက်ရှိလာသည် ။ ဤလူကိုသူကဘာကြောင့်သတ်
ရမည်နည်း ၊သူနှင့်ပင်တစ်ကြိမ်ခန့်သာတွေ့ဆုံဖူးသည်မဟုတ်လား ။

"သူကအခုနှင်းဆီနက်ကြိုက်နေတဲ့ကောင်ပဲ"

"အဟက် ခင်ဗျားကကျုပ်ကိုမိန်းမတစ်ယောက်အတွက်နဲ့လူသတ်မယ်ထင်​နေတာလား"

သက္ကရာဇ်မြင့်မိုရ်ဆိုတဲ့ကောင်က ဂိုဏ်သားတွေနှင့်
ငွေကလွဲမည်သည်ကိုမှ အရေးတယူမရှိတာကိုသူ့​ရှေ့ကလူ​မေ့​နေသည်ထင် ။

"ငါ့အတွက်အရေးကြီးတယ် မှောင်ခိုစာရင်းတွေနဲ့
အမတ်တစ်ယောက်ကိုသတ်ထားတဲ့သက်သေသူ့
ဆီရောက်နေတယ်"

ဂျက်ဆိုတဲ့အမည်နှင့်နိုက်ဖ်နိုင်ငံတော်မှာအမည်တစ်ခု
ရနေသည့်လူက စိမ်းညှို့ သျှင်မာန်ဆိုတဲ့နာမည်မရှိအုပ်စုကကောင်ကိုမသတ်နိုင်ဘဲ သူတို့ဂိုဏ်းကိုလာလွဲသည်ဆိုတည်းကဟိုကောင်ကလွယ်မည့်ပုံမပေါ် ။

"အဲ့သက်သေဖျောက်ပေးမယ် သိန်းငါးထောင်"

"ဒါပေမယ့်"

"နောက်တစ်ခွန်းထပ်ပြောရင်သိန်းခြောက်ထောင်"

"သဘောတူတယ် ဒါပေမယ့်သုံးရက်အတွင်းအဲ့usb
ငါ့ဆီယူလာပေး"

"ok"

ခပ်ပေါ့ပေါ့သာသူ့ကိုဖြေရင်း ဘောင်းဘီအိတ်ထဲလက်ထည့်လျှောက်သွားသူက မည်သည်ကိုမျှအလေးမထားဘဲအရာရာကိုပေါ့ပေါ့တွေးတတ်သည် ။ဒါပေမယ့်လည်းမည်သူကမှရန်မစရဲသည်အထိ တောင့်တင်းတဲ့အင်အားနှင့် အလွန်သစ္စာရှိသည့်Toxဂိုဏ်းကိုအုပ်ချုပ်​နေသည့် သက္ကရာဇ်မြင့်မိုရ်ဆိုသည့်ကောင်လေးကိုမည်သူမှအထင်မသေးရဲကြပေ ။

TARGET Tahanan ng mga kuwento. Tumuklas ngayon