အပိုင်း ၇ (Z /U)

Start from the beginning
                                    

"ငါမိန်းမမယူဘူး"

ခန့်စကားကို ကြားသော သွေးက ကိုခန့်လေးကို နားမလည်သလိုနဲ့ ကြည့်ကာပြောလေသည်။

"ကိုခန့်လေး မင်းက မိန်းမမယူတော့ ဘယ်သူ့ကိုယူမှာလဲ ဘာလဲယောကျာ်းတွေယူမို့လား ကိုခန့်လေးရယ် ငါ့ကို စရင်အတည်ပေါက်ကြီးမစပါနဲ့လား"

ခန့်က ဖုန်းကိုချလိုက်ပြီး သွေးကိုကြည့်ကာပြောလာလေသည်။

"သွေး ငါစနေတဲ့ပုံပေါက်နေလား ငါယောကျာ်းလေးတွေကိုကြိုက်တယ် ငါမိဘတွေကိုလည်း ဖွင့်ပြောပြီးပြီ သူတို့ကလည်းလက်ခံတယ် အဲ့ကြောင့်သူ့တို့စီးပွားရေးကိုငါဆက်ခံရမယ်"

သွေးက ကိုခန့်လေးကိုအံ့သြသလိုနဲ့  ကြည့်ကာပြောလာလေသည်။

"မင်းအတည်ပြောနေတာလား ငါမရှိတဲ့အတောအတွင်း ဘယ်လိုတွေတောင်ဖြစ်သွားရတာလဲ"

သွေး က မယုံကြည်နိုင်သလိုနဲ့ပြောလေတော့ ကိုခန့်လေးက အဝေးကိုစိုက်ကြည့်ရင်း တွေးနေသလိုလိုနဲ့ပြောလာလေသည်။

"ငါမင်းကို ဘယ်တုန်းက အပိုတွေပြောတတ်ဖူးလို့လဲ သွေးရယ်"

"ကောင်းတယ် ကိုယ့်ဘဝကိုယ် လက်ခံပြီး ပြတ်ပြတ်သားသားနေတတ်တဲ့ မင်းစိတ်ဓာတ်ကိုလေးစားတယ်ကွာ ငါ့အနားမှာ မင်းရော ဉီးမဟော်ရော တွေ့ရပြီဆိုတော့ ငါလည်းမကြာခင်တောင်မင်းတို့လိုဖြစ်မှာတောင်ကြောက်ရတယ်"

ဟု သွေးကပြောရင်း စိတ်ပျက်သလိုဖြစ်သွားတော့ ကိုခန့်လေးက သွေးကို စိုက်ကြည့်ကာ ပြောလာလေသည်။

"ဘာလဲ ငါတို့က ဒီလိုဖြစ်နေတော့ မင်းကအထင်သေးတာလား"

ကိုခန့်လေးအသံက စိတ်ဆိုးသွားသည့်ပုံ ပေါက်နေတာကြောင့် သွေးက ပြာပြာသလဲနဲ့ပြောကာ ရှင်းပြလေသည်။

"မဟုတ်ပါဘူးကွာ အထင်မသေးပါဘူး ငါလည်း အခုခေတ်လူငယ်ပါပဲ ဒါကိုလက်ခံနိုင်ပါတယ် မင်းစဉ်းစားကြည့် ငါ့ရဲ့ဉီးမဟော်ကိုတောင် ငါကလက်ခံနိုင်တဲ့ဟာကို ဒါမဲ့ ငါက stright စစ်စစ်မို့ မိန်းမယူမှာ"

မဟော့်စကားကို ကြားတော့ ခန့်ကအနည်းငယ်တန့်သွားပြီးနောက် စကားလမ်းကြောင်းလွဲကာ ပြောလေသည်။

ဖြူလွှနှင်းဆီချစ်၏ သို့သော်.......Where stories live. Discover now