ရှောင်ပေါင်းက လျန်ရှန်းဟန်ကို စတင် ကွန်ပလိန်းတတ်သည်။

"မင်းအခု အရမ်းထူးဆန်းနေတဲ့ပုံပေါက်တယ်ကွ!"

လျန်ရှန်းဟန်ကလဲ သူ့ကို ပြန်စိုက်ကြည့်သည်,"မင်းကျတော့ရော? မင်းကဘာလို့ အထစ်ထစ်အငေါ့ငေါ့နဲ့ စိတ်ပူနေရတာလဲ? "

နှစ်ယောက်လုံးမှာ တစ်ယောက်ကိုတစ်ယောက်ခဏတာမျှ မကျေမနပ်နဲ့ပြောဆိုနေကြပြီးနောက် ရှောင်ပေါင်ကသက်ပြင်းချသည်။

"ဟား! ငါအခု အရမ်းရှုပ်ထွေးနေပြီကွာ! ဘာတွေဖြစ်နေတာလဲ? ငါတို့တွေ စုံစမ်းသင့်လား?"

လျန်ရှန်းဟန်က ခေါင်းပိုရှင်းသည်။

"ဘယ်လိုမေးမှာလဲ? တကယ်သာ အဲ့လိုမျိူးမဟုတ်ရင် မင်း ကို့ရို့ကားယားကြီး မခံစားရဘူးလား? ဒါပေမယ့် အဲ့ဒါကတကယ်သာဆို ငါတို့အားလုံး မသက်မသာ ဖြစ်ရလိမ့်မယ်!"

ရှောင်ပေါင်က နာကျင်စရာအတွေးများထဲ ကျသွားရသည်။ လျန်ရှန်းဟန်က သူ့ပုခုံးပေါ်ကို လက်မောင်းတင်လိုက်ပြီး ပြောလိုက်သည်။

"အဲ့ဒါက အဲ့လောက်မရှုပ်ပါဘူးကွာ! တွေးကြည့်လိုက်,အဲ့ဒါက ငါတို့တွေ သူငယ်ချင်းဖြစ်တာကို သက်ရောက်နေလို့လား?"

"သေချာပေါက် မသက်ရောက်ဘူးပေါ့!",ရှောင်ပေါင်က ဖြေသည်။

လျန်ရှန်းဟန်က သူ့ပုခုံးကို ပုတ်လိုက်သည်။

"အဲ့ဒါဆိုရပြီလေ! မင်းက အန်းနင်-ကောနဲ့ တွဲနေတဲ့တစ်ယောက်ဖြစ်နေတာမျိူးမှမဟုတ်ဘဲ! ဒီအဖြစ်အပျက်က ငါတို့ကိုဘယ်လိုလုပ်သက်ရောက်နိုင်မလဲ? ငါတို့လုပ်ချင်တာသာလုပ်ပြီး အဲ့ဒီအကြောင်းတွေးမနေနဲ! မင်းလဲသိတာပဲ ဖိုရမ်ကဘယ်လိုလဲဆိုတာ။ စွပ်စွဲချက် ဘယ်လောက်တောင် အဆုံးမှာကျ အမှားပဲ ဖြစ်နေလဲဆိုတာ မင်းမသိလို့လား? "

ထို့နောက် သူ အောက်ထပ်ကို ခြေကျဲကျဲလှမ်းလိုက်သည်။ ရှောင်ပေါင်က နောက်မှလိုက်လာလျက် အန်းနင်ရဲ့ အခန်းတံခါးကို ခိုးပြီးလက်ညှိုးထိုးလိုက်ကာ တီးတိုးပြောလိုက်​၏။

"ဒါပေမယ့် သူက ဘာမှသိသေးတာမဟုတ်ဘူး။ အဲ့လိုမျိုးများ ငါစဉ်းစားလိုက်မိရင် ရင်တွေမောလာရော!"

လီမွန်ရောင်လျှပ်စီး || ဘာသာပြန် || 『Completed』Where stories live. Discover now