Story 4 (Warning!!!)

Start from the beginning
                                    

'' အဟမ်း.....ကဲ ငေးလို့ဝပီလား''

''ဟမ်.....ဘယ်သူ...''

နှောင်း ကိုယ့်မျက်လုံးကို မယုံနိုင်.... သေချာပွတ်ကြည့်လိုက်တယ်....မယုံနိုင်သေး။ ထိုလူနားကို တိုးကြည့်လိုက်ပီး သူ့မျက်နှာလေးကို လက်ချောင်းလေးနဲ့ သွားထိမိတော့။

* အမလေးဟဲ့ တကယ့်အစစ်ကြီးဟ...စက်ဧကရာဇ် ကြီး.....သူဘာလို့ ငါ့ရှေ့ရောက်နေရတာလဲ....ဒါဘယ်နေရာကြီးလဲ*

နှောင်း ရုတ်တရက် နောက်ကိုဆုတ်လိုက်တယ်။

''အား ....မင်းဘယ်လိုလို့ ဒီပေါ်ရောက်နေတာလဲ.... ဒါဘယ်နေရာကြီးလဲ''

''ကိုယ့်အိမ်''

''ဟမ်...ဘယ်လို ဘယ်လို''

''ကိုယ့်အိမ်လို့ပြောနေတယ်လေ...''

''အမလေး...အရပ်ကတို့ရေ...အိုမီဂါ တွေမုန်းတဲ့ အယ်လ်ဖာ ကြီးက သူ့အိမ်ဆိုပီးပြောနေတယ်။ အမေရေ သားကိုကယ်ပါဦး..... သားကို သတ်တော့မလားမသိဘူး ''

စက် သူ့ရှေ့မှာ အမေတ,နေတဲ့ ကောင်လေးအား ကြည့်ပီးပြုံးလိုက်မိတယ်။ (တစ်စိတ်... သူပြုံးလိုက်တာလား..... အမြဲချေနေတဲ့သူကလေ)

ငယ်ငယ်ကနေ ခုထိ ထိုကောင်လေးကို စိတ်ထဲကနေ ဘယ်လောက်ပဲမုန်းတယ် သတ်မှတ်ပါစေ မမုန်းရက်နိုင်ဘူးလေ။ ခုလည်းကြည့် စက်က အိုမီဂါ တွေမုန်းတယ်ဆိုပီး ပြောကတည်းက စိတ်ဒဏ်ရာရသွားတယ်ထင်တယ်။ နောက်ကိုဆုတ်သွားလိုက်တာ။

''နိုးပီဆိုရင်လည်း ....မျက်နှာသစ်တော့ ပီးရင်အောက်ဆင်းလာခဲ့.... မနက်စာ စားမယ်''

''....''

စက် ပြောချင်ရာပြောပီး ထသွားလေသည်။ အခန်းတံခါးပိတ်သွားမှ နှောင်း ကုတင်ကနေဆင်းလာကာ ရေချိုးခန်းကို ပတ်ရှာနေလိုက်တယ်။ ရေချိုးခန်းလို့ထင်ရတဲ့ တံခါးကို ဖွင့်ကြည့်လိုက်တော့....

'' ဝါး..... သူဌေးတွေများကောင်းတာ...ရေချိုးခန်းတောင် ငါ့အိမ်ခန်းလောက်ရှိတယ်။''

သူရေချိုးခန်းထဲက ပစ္စည်းတွေကို ​လျှောက်ကိုင်ကြည့်ပီး ဝတော့မှ ဘေစင်နားကိုလာလိုက်ပီး မျက်နှာသစ်ခြင်းအမှုကို လုပ်ဆောင်လိုက်တယ်။

Soulmates (Completed)Where stories live. Discover now