နှင်းတွေကျနေတဲ့အချိန်...မိုးတွေရွာနေတဲ့အချိနိ..နေရောင်ခြည်သွန်းဖြိုးပြီး လှပနေတဲ့နေ့ရက်တွေ...ဒီလိုအချိန်တွေမှာ Jungkook ရဲ့လက်ကို ကိုင်ဆွဲ ပြီး ပန်းခြံထဲမှာ အတူတူလျောက်ချင်မိတယ်...
ငှက်လေးတွေရဲ့ တေးသံကို အတူတူနားထောင်ချင်မိတယ်...

လေတစ်ချက်တိုက်လိုက်တော့မှ စိတ်ကူးတိ​ု့သည်လည်း ထိုလေနှင့်အတူလွင့်ပါသွားပြီး..ဆုပ်ကိုင်ထားမိသည်က Jungkook လက်မဟုတ်ပါပဲ..ကိုယ့်လက်ကိုယ်သာဖြစ်နေခဲ့သည်

နေလုံးကြီးပျောက်ကွယ်သွားပေမယ့် ရောင်ခြည်ကျန်နေသေးသော ကောင်းကင်ကြီးကို ကြည့်မိတော့ ချစ်ရသောသူရဲ့ မျက်လုံးဝိုင်းလေးတွေကို မြင်ယောင်မိပြန်သည်... ဘယ်နေရာရာကြည့်ကြည့် သူ့ပုံရိပ်ဆိုတာမျိုးပဲ...မျက်ရည်စတို့လည်း သတိရစိတ်ကြောင့် ဝေ့ဝဲတက်လာတော့ လက်ဖြင့်အသာဖိသုတ်လိုက်သည်...

သက်ပြင်းတို့အား အကြိမ်ကြိမ်ချရင်း..ရင်းနှီးပြီးသော အိမ်ပြန်လမ်းဆီသို့သာ ခြေဦးတည်လိုက်တော့သည်..

အိမ်ရှေ့သို့နီးလာသည်နှင့် တွေ့ရသည်က မမြင်ဖူးသော ကားတစ်စီး...ထို့ကြောင့် ဘယ်သူများလဲဆိုသောစိတ်ဖြင့် ခေါင်းအသာကုတ်ကာ လာကြည့်မိသည်...သူ့နေရာကို သိတာ အဖေကလွဲ၍ တခြားသူမရှိ..ထို့ကြောင့်သူသည် မည်သူနည်း...

ထိုလူ...Jin စက္ကန့်နဲ့အမျှမြင်ယောင်နေပြီးသတိရနေသောသူ...သူ့ပုံရိပ်ကြောင့် ခြေလှမ်းတို့ပင် ရသပ်တန့်သွားရသည်... ဒါကဘယ်လိုအိမ်မက်မျိုးလဲ
*Jeon jungkook*

မဟုတ်ဘူး...မဟုတ်ဘူး...ဒါက တကယ်မဟုတ်ဘူး...မြင်နေကြအတိုင်းမြင်ယောင်နေတာ..မျက်တောင်ခတ်လိုက်တာနဲ့ပျောက်ကွယ်သွားမှာမျိုး... ဟုတ်တယ် သူက ငါ့စိတ်ကပေါ်လာတဲ့ပုံရိပ်ယောင်တွေ...

မျက်တောင်တို့ကို အကြိမ်ကြိမ်ခတ်နေပါသော်လည်း ထိုလူသည်ပျောက်ကွယ်မသွား..သူ့အားစိုက်ကြည့်မြဲသာ စိုက်ကြည့်နေလေသည်

အနက်ရောင်ဝတိစုံကိုဝတ်ဆင်ထားပြီး ကားဘေးနားတွင်ရပ်ကာ ရှည်လာသောဆံနွယ်တို့မှာလည်း လေတိုက်တိုင်းယိမ်းနွဲ့နေလေသည်... လက်တို့ကိုပင်ပိုက်ထားပြီးပုံစံမပျက် စိုက်ကြည့်နေသော Jungkook ကြောင့် Jin စိုးရိမ်နေမိသည်...
ဒီပုံစံနဲ့ Jungkook က သူသိခဲ့ဖူးတဲ့ Jungkook နဲ့လုံးဝမတူ...

Guardian (Translation Fic) CompletedWhere stories live. Discover now