10

1.5K 235 59
                                    

"မြန်မြန်လုပ် Jungkook..."

"Hyung! ! သူတို့က ကျနော်ဒီမှာရှိမှနိးဘယ်လိုသိသွားတာလဲ!!!"

"မင်းအကြောင်းဆိုရင် ပျံ့တာမှမြန်လို့"

"Waahhhh!!"

"Hey!! မင်း Jin နဲ့အတူတူ တစ်စီးသွားလိုက်နော် ငါနောက်ကားနဲ့လိုက်ခဲ့မယ်"

"ဘာလို့လဲ!!"

"ဒါလုံခြုံရေးအရလေ...ကဲသွားပါ အိမ်ရောက်ရင်တွေ့မယ်!!"

"လာ သွားရအောင် အချိန်ကြာမနေနဲ့တော့ "

Jin ကားဆီသို့ ညွှန်ပြကာ ဦးဆောင်ကာ ထွက်ရန်လုပ်ရတော့သည်

"Ahhh!!! လူတွေကလည်းအများကြီးပဲ ရူးချင်တာပဲ!!"

"Jungkook! ! လူအုပ်က အရမ်းတိုးလာပြီဆိုရငိ ငါ့ကို မှီထားနော်.. ငါကာပေးထားမယ်"

Jungkook သူ့အား မကြည့်ပဲ ပြောနေတဲ့ Jin ကို စကားပြန်မပြောပဲ Jin မျက်နှာကိုသာ ကြည့်နေမိသညိ

"ခင်ဗျားက ကာကွယ်ပေးဖို့ပဲတတ်တာမလား!!"

ရုပ်တည်ကြီးနှင့်မေးလာသော Jungkook ကြောင့် Jin ရယ်ချင်ပါသော်လည်း ထိန်းထားနေရသည်.. တကယ်ပဲ ဒီကလေးက သူ့ကို စိတ်ဆိုးနေတာ သူသိသည်

"ဘာလဲ မနမ်းလိုက်ရလို့ ဆိုးပြနေတာလား ဟမ်!!"

"ခင်ဗျားနော်.. ဘာတွေပြောနေတာလဲ!!"

"Oh! ဒါက လျှို့ဝှက်ချက်ပဲ 😁😁 မမြင်သင့်တာတွေ မြင်မိသွားတာ"

"ခင်ဗျားနော် တော်လိုက်တော့"

"မင်းက တကယ့် ကလေးပဲ"

စကားပြောနေရင်းပင် တိုးဝှေ့လာသော လူအုက်ကြီးကြောင့် Jungkook အား သူ့ရင်ခွင်ထဲသို့ထည့်ကာ ကားဆီသို့ရောက်အောင် သွားရင်း ကာကွယ်ပေးနေရသည်.

"ခေါင်းသတိထားဦး!!"

ကားတံခါးဖွင့်ပြီးနောက် Jungkook အား ခေါင်းမတိုက်မိစေရန် လက်ခံပေးကာ ကားအတွင်းသို့ဝင်စေသည်
Jin ကတော့ Driver seat သို့သွားကာ ကားစက်နှိုးရန်သာပြင်လိုက်သည်

ထိုလူအုပ်ကြားထဲတွင် အနီးကပ်ကာ ဓာတ်ပုံတွေ ရိုက်နေသော Camera men အား သတိထားမိလိုက်ပါသော်လည်း သာမန်ကဲ့သို့ပင်အမှုမဲ့ အမှတ်မဲ့သာ တွေးရင်း ကားမောင်းထွက်လာခဲ့လိုက်တော့သည်
.
.
.
.
"ဟူး....ပင်ပန်းလိုက်တာဗျာ"

Guardian (Translation Fic) CompletedWhere stories live. Discover now