သူ့​ရှေ့က ဖြူဖြူလုံးလုံး​လေးအား စိတ်ထဲက​နေ ​မေတ္တာ​တွေ တသီကြီး ပို့ပစ်လိုက်တယ် ။ အပြင်မှာ​တော့ ထုတ်မ​ပြော​ပါဘူး...သူ့ဆီမှာ ကိုယ့်ကို ဘယ်လိုပြန်ခွပ်ရမလဲဆိုတဲ့ စကား​တွေက ​အော်တိုကို ရှိ​နေပြီးသားမို့....။

"Ji...မင်းကလည်းကွာ..ငါလည်း အကြံ​ပေးမယ်​လေ"

"ငါ​တောင်းမိလို့လား..."

အဲ့လိုပါဆို..။ Jiက​လေ သူ့ကိုဆို စကား​ကောင်းကိုမ​ပြောဘူး..။ ခွပ်ဖို့ပဲ တတ်တဲ့ဟာ​လေး..။

"ဒီမှာ Ji..ငါက မင်းထက်စာရင် ရည်းစား​တွေအများကြီးထားဖူး​တော့ နည်းနည်းပိုသိတယ်​လေကွာ...နား​ထောင်ကြည့်မလား"

မျက်ခုံးနှစ်ဖက်ကို ပင့်ကာ ဆရာကြီး စတိုင်ဖြင့် ​ပြောလိုက်​တော့..
​ရေးလက်စ ​ဘောပင်​လေးကို ချကာ စိတ်လိုလက်ရနဲ့ နာမည်​​လေးခေါ် လာသည်။

"Jeon.."

​​​နောက်..လေး​နက်တဲ့ မျက်ဝန်း​တွေနဲ့ စိုက်ကြည့်လာသည်..။ ဘာ​တွေများ ​ပြော​တော့မှာမို့ ဒီလိုပုံစံဖြစ်သွားတာလဲ ​တွေးလိုက်မိသည်။ 

သူ့အား စိုက်ကြည့်​နေသူ​လေးကို ကြည့်ရင်း ဘယ်ဘက်ရင်အုံက တဒုတ်ဒုတ် ခုန်လာသလိုပင်...။ ဘယ်ဘက်ရင်အုံထက် လက်​လေးတင်ရင်း..ဟင်..ဘာဖြစ်တာပါလိမ့်...။ ရင်ခုန်တာများလား..။

Jiကို​လေ ငါက...။ ဟင့်အင်...မဖြစ်နိုင်တာလို့​တွေးရင်း ​ခေါင်းခါလိုက်မိတယ်..။ ဒါဆို..ဘာလဲ။

နှလုံး​ရောဂါဖြစ်ဖို့ အစပျိုးတာများလား...။
​သေချာ​အောင် နှလုံးရှိရာဆီသို့ ​နောက်တစ်ခါ လက်တင်ကြည့်လိုက်​တော့ ဒုတ်...ဒုတ်..နဲ့ ခုန်​နေဆဲပင်။

တွဲခဲ့သမျှ ရည်းစား​ပေါင်း ​မြောက်များစွာကို​တောင် ​ကောင်း​ကောင်းရင်ခုန်ခဲ့ဖူးတာမဟုတ်။ ဒါ​ကြောင့် သူငယ်ချင်းဖြစ်တဲ့ Jiကို ရင်ခုန်တယ်ဆိုတာ ပိုလို့မှ မဖြစ်နိုင်​ပေ..။

ကြည့်ရတာ ငါ့နှလုံးရဲ့အ​ခြေအ​နေ သိပ်မ​ကောင်းဘူး ထင်တယ်။
အင်း..ဖြစ်နိုင်​လောက်တယ်..ပြီး​မှ ​ဆေးခန်းပြကြည့်ရမယ်။
အ​တွေးတို့ကို ​ခါထုတ်ကာ တစ်​ယောက်တည်း ဘာဖြစ်သွားမှန်း မသိသည့် Jeonကို ကြည့်ပြီး Jiminမှာ ဆက်​ပြောရမှာလိုလို ရပ်ထားရမှာလိုလိုနဲ့...။

Forget Me NotWhere stories live. Discover now