Episode - 3

20 3 0
                                    

Friday on 3rd December

သူမ ဂျပန်ကို သွားဖို့ သေချာသွားပြီဆိုတဲ့ အဖြေထွက်လာချိန် .....

သူမ နောက်အပါတ်ဆို ဂျပန်ကို သွားရတော့မယ်ဆိုပြီး ကျနော်သိလိုက်ရတယ် ထိုအချိန်ကျနော့် နှလုံးသားတအားနာကျင်နေတယ် မျက်ရည်တွေလဲ လုံးဝ မထိန်းနိုင်တော့ဘူး ......

ကျနော် ငိုယို ဝမ်းနည်းပီး သူမအိမ်ကို အပြေးသွားတွေ့လိုက်တယ်

" နန်း " ဟု မျက်ရည်များနှင့် ငိုကြွေးပြီး အသံ တုန်"ရီ" ဖြင့်အော်ဟစ်ကာ သူမကိုပြေးဖက်လိုက်မိတယ်

ဟဲ့ ခွန်းသန့် နင်ဘာဖြစ်လာတာတုန်း မျက်ရည်တွေနဲ့ ဘာဖြစ်လို့လဲဟင်

" နန်း " ငါ့ကိုတင်းနေအောင် ဖတ်ထားပေးပါ ငါတောင်းဆိုတာပါဟာ ငါနင့်ကိုအရမ်းချစ်တယ် မပြောပြတတ်လောက်အောင်ချစ်တယ် ကျေးဇူးပြုပြီး ငါ့ကို နင်မသွားခင်အချိန်လေးမှာ တင်းနေအောင်ဖတ်ထားပေးပါနော် ကျနော်ငိုယိုစွာ ဖက်ပေးဖို့တောင်းဆိုနေခဲ့တယ်

နန်းမှ ငါသိပါတယ် ငါဂျပန်ကို ၃နှစ်လောက်သွားပီး အလုပ်"မှာပါ ပြီးရင်ပြန်လာမှာစိတ်ချ  ( နန်းကလည်း ကျနော့်ကို သနားပြီး တင်းကျပ်စွာဖတ်ထားလေသည်)

သူမရဲ့ရင်ခွင်က ဘယ်လောက်နွေးထွေးလဲဆိုတော့ ကျနော်ရဲ့စိုရွှဲနေတဲ့ ပါးပြင်ပေါ်ကမျက်ရည်တွေတောင် ခြောက်သွေ့သွားသလိုပါပဲ သူမရဲ့ ကိုယ်သင်းရနံ့လေးကလည်း ဆာကူရာပန်းလို" ပန်းတစ်ခု"ရဲ့ ရနံ့လို"ရနေမိတယ် ကျနော့်ရဲ့ သူမထွက်သွားမှာ ကြောက်နေခဲ့တဲ့စိတ်တွေ တုန်ရီနေတဲ့လက်တွေဟာ ငြိမ်သက်သွားခဲ့တယ်.....

သူမက ကျနော့်ရဲ့ ခေါင်းကိုပွတ်သပ်ပြီး ငါနင့်ကိုအမြဲအဆက်သွယ် လုပ်နေမှာပါဟာဆိုပြီး သူခမျာ ကျနော့်ကြောင့် မျက်ရည်ဝဲ"နဲ့ပြောနေရှာတယ် .....

ကျနော်လဲ သူမရင်ခွင်မှာ ခေတ္တခဏလောက် ဖက်ထားမိနေခဲ့တယ်

ထိုအချိန် သူ့အမေလည်းကျနော့်ကိုမြင်ပြီး သူ့သမီးကို ‌တော်"ချစ်ရှာတာပဲဆိုပြီး ဒီတစ်ပါတ်လောက် အန်တီတို့အိမ်မှာ လာနေပါလားဆိုပြီးခေါ်ထားရှာလေရဲ့

Favorite person is called  "နန်း" ♡Where stories live. Discover now