Favorite person is called "နန်း"♡ Episode -2

25 3 0
                                    

" နန်း " နဲ့ ကျနော်တို့ ကျောင်းတူ"တက်ပြီး ပျော်"ပါး" နဲ့ ‌စနောက်ပြီး အတူစား အတူသွားခဲ့တာ သူငယ်တန်းကနေ အခုဆို တက္ကသိုလ် နောက်ဆုံးနှစ်ရောက်နေပြီ။

နန်းလဲ မပြောင်းလဲသေးဘူး ကျနော်လဲမပြောင်းလဲသေးဘူး ငယ်"တုန်းကလို အရင်တိုင်းပဲ ။

နန်းရေ နင်ဘဲတွေဘာတွေရနေပြီလား...(ကျနော်မှ စလိုက်တယ်)

ရမနေဘူး ! ငါလားဘဲထားမှာ ဒီကျောင်းကကောင်တွေကြည့်လို့ကိုမရဘူး အူကြောင်"လို" ဂျလေပီ လို"နဲ့ ( နန်းမှ အော်ပြောလိုက်သည်)

ဟား" ကျနော်မှာ အူတက်လို့ကိုမဆုံးဘူး နန်းပြောတဲ့စကားကြောင့် ....

ဟဲ့ ခွန်းသန့် နင်က ဘဲထားမှာလား စော်ထားမှာလား ?(နန်းမှ ကျနော့်ကိုမေးလိုက်သည်)

အယ် နင့်မေးခွန်းကြီးကလဲ စားတယ်‌... ထားရင် စော်ပဲထားမှာပေါ့ဟ နင်ကလဲ ငါ့ရုပ်ကြီးနဲ့ငါ့ပုံစံနဲ့ ဘဲသွားထားရင် သူများတွေ ယောင်္ကျားချင်း"တွဲနေတယ်ထင်အုံးမယ်

အ့ဆို ‌နင်စော်ရနေပီလား ?

မရသေးပါဘူးဟာ ငါ့မှာ ဟိုးငယ်"လေးကတည်းက တစ်ဖက်သက်ချစ်ရတဲ့သူပဲရှိတယ်။

အက်မယ် ဘယ်သူများလဲ ပြောပါအုံးဟဲ့(နန်းမှ လာစပ်စုသည်)

မပြောပါဘူး အဲ့တာ ငါ့လျှို့ဝှက်ချက်ပါနော်

ဟွန့် ယုတ်မာတာ မပြော‌လဲ နေနေ (နန်းက ကျနော့ကို စိတ်ကောက်သွားပုံရတယ် )

"ဟဲ့ ဒါနဲ့လေ ငါနင့်ကိုပြောစရာရှိသေးတယ်"

အေး ပြောလေ နန်းရဲ့ .....

ငါမေးမလို့ နင်ကြီးလာရင် ဘာလုပ်မှာလဲ ? ငါကတော့ ဂျပန်စာသင်ပြီး ဂျပန်သွားဖို့စဉ်းစားထားတယ် နင်ရော ဘယ်လိုစီစဉ်ထားလဲ?

ငါလား ငါကတော့ ...... နင့် ကောင်လေးလုပ်ဖို့ စဉ်းစားထားတယ်လေ ( ကျနော်မှမသိမသာလေးစလိုက်တယ်)

ဟဲ့အကောင် မနောက်နဲ့ဟာ နင်ကအမြဲတမ်း ပေါတော"နဲ့  တော်ပီ" ညနေကျရင် အိမ်လာခဲ့ ငါ့အမေက နင့်ကို အိမ်မှာထမင်းလာစားတဲ့!

အေးပါကွာ လာခဲ့မယ် (ကျနော်တို့ မိသားစုနဲ့ နန်းတို့ မိသားစုနဲ့က အရမ်းရင်းနှီးတာလေ နန်းနဲ့ငယ်"ကတည်းက ပေါင်းလာတာဆိုတော့ သူ့အိမ်လဲ ကိုယ့်အိမ်ပဲ ကိုယ့်အိမ်လဲ သူ့အိမ်ပဲဖြစ်နေတာ )

Favorite person is called  "နန်း" ♡Dove le storie prendono vita. Scoprilo ora