ပြောပီးပီးချင်း သူ့ မျက်စိရှေ့မှာတင်ပေါ်လာတဲ့ ပစ္စည်းမျိုးစုံပါရှိတဲ့ အခန်းတစ်ခန်း
ပစ္စည်းတွေကိုစူးစမ်းနေတုန်းမှာပဲ

ဟွမ်ဝူး......... ကန်တင်း ကိုမသွားဘူးလား.........

ဟွမ်ဝူးရဲ့အသံကြားမှ ဂျီဟွန်းရဲ့ အသိစိတ်က
ကျောင်းခန်းထဲပြန်ရောက်လာတော့သည်

ဂျီဟွန်း....... အော သွားကြတာပေါ့ ငါတို့
ကန်တင်းကစားစရာတွေ က စားကောင်းတယ် မင်းသဘောကျသွားမှာသေချာတယ်'

ဂျီဟွန်းရဲ့ခြေလှမ်းတွေက အရမ်းကိုသွက်လက်ပေါ့ပါးနေသည်

"အစားအသောက်လေးတွေရေ ငါလာပီဟေ့"

ကန်တင်းမှာရှိနေတဲ့အစားအသောက်လေးတွေကိုမြင်တာနဲ့ Pan ပြောထားတဲ့ mission
ဆိုတာတွေအကုန်မေ့ သူ့ဘေးက ဘာစကားမှမပြောဘဲ သူ့ကိုပဲ ပြုံးပြုံးကြီးကြည့်နေတဲ့ဗီလိန်ကိုလည်းမေ့နေရှာတယ်

" အစားအသောက်လေးတွေ မင်းတို့ကိုငါ လွမ်းနေခဲ့တာ နောက်တစ်ခေါက် ပြန်မတွေ့ရတော့ဘူးထင်နေတာ အာဟုတ်သား စာအုပ်
mission ဗီလိန် ဗီလိန်ကော"

ဂျီဟွန်း စားရင်းနဲ့ အခုမှသတိရသွားပီး
ခေါင်းမော့ကာ ဗီလိန်ရှာတော့တယ်

သူ့ခေါင်းလေး တစ်ဖက်စောင်းတာနဲ့ ဟွမ်ဝူးကလည်း ဂျီဟွန်းရဲ့ နှုတ်ခမ်းစွန်းမှာပေနေတဲ့
မုန့်ကိုဖယ်ပေးဖို့ ဒီဘက်ကိုအလှည့်
နှစ်ယောက်သားရဲ့အကွာအဝေးက လေတောင်မတိုးတော့တဲ့အခြေအနေဖြစ်သွားတော့တယ်

ဟွမ်ဝူး သူ့မျက်စိရှေ့တည်ရှိနေတဲ့ မျက်နှာလေးရဲ့အစိတ်အပိုင်းတစ်ခုချင်းစီကို သေချာကြည့်နေမိတယ်
ကောင်လေးက ရှည်လျားတဲ့ မျက်တောင်တွေရှိနေသလို ညို့ယူနိုင်တဲ့ မျက်ဝန်းတွေကိုပိုင်ဆိုင်ထားတယ်
သူတောင်မှအဲ့ဒီ့မျက်ဝန်းတွေကြောင့် မိန်းမောခဲ့ရတာမလား အခုဒီမျက်ဝန်းတွေရဲ့စိုက်ကြည့်မှုကိုခံနေရတာကြောင့် သူဘယ်လောက်တောင် ပျော်နေမိလဲဆိုတာစကားလုံးတွေနဲ့တောင်ဖော်ပြလို့မဖြစ်နိုင်ဘူး

ဂျီဟွန်း ဟွမ်ဝူးနဲ့နီးကပ်နေတဲ့အနေအထားကြောင့် ရှက်ပီးမျက်နှာပူနေမိရုံကလွဲ အနေခက်သလိုမခံစားရ နေသားကျနေသလိုပင်
ဟွမ်ဝူးရဲ့မျက်ဝန်းတွေထဲက ပူဆွေးဝမ်းနည်းမှုကိုသူမြင်နေရသည် ဘာလို့မှန်းမသိ အဲ့ဒီ့ဝမ်းနည်းမှုတွေကို သူက လုံးဝကျန်ရှိမနေအောင် ဖယ်ရှားပေးချင်သည်
မသိလိုက်ချိန်မှာပဲဂျီဟွန်းရဲ့ လက်ချောင်းလေးတွေက ဟွမ်ဝူးရဲ့မျက်ရည်တွေကို
ညင်သာစွာနဲ့သုတ်ပီးလျက်သားဖြစ်နေလေတယ်

 ဗီလိန်ကြီးကို မြူဆွယ်မယ်Where stories live. Discover now