'ဆိုစမ်းပါအုံးဘယ်လိုပြောင်းလဲသွားတာတုန်း'

'မူလ ဇာတ်ကြောင်းမှာက ဗီလိန် ဟွမ်ဝူး က ဇာတ်လိုက်မကိုမြင်ပီး ဇာတ်လိုက်နဲ့အပြိုင်လုတာလေ အခုက ကျ သူက ဇာတ်လိုက်မကိုရှိတယ်လို့တောင် သဘောမထားတာလေ'

'အိုကေ ငါနားလည်ပီ ဒါဆို Pan ငါက မူလ ဇာတ်ကောင်ရဲ့ဆန္ဒတွေကိုဖြည့်ဆည်းပေးရင်
mission ပီးပီပေါ့ အဲ့လိုလား'

'အင်း host ပြောတာ တစိတ်တပိုင်းတော့မှန်တယ် ဒါပေမယ့် မမှန်ဘူး hostက ဆန္ဒတွေကိုဖြည့်ဆည်းရမှာအပြင် ကျတော် က mission အသေးစားလေးတွေကိုပြောရင်လည်းလုပ်ရမှာလေ
host မှတ်မိတယ်မလား'

'point ရမှာ မလား များလား များများပေးမှရမှာနော် မဟုတ်ရင်မလုပ်ဘူးဟွန့်'

'လုပ်ကြည့်လေ ကျတော့်အတွက်က ဘာမှမဖြစ်ဘူး
host ဘဲ အိမ်ပြန်ဖို့ နောက်ကျမှာ '

ဂျီဟွန်းတစ်ယောက် သူ့ရှေ့လေဟာနယ်ပေါ်ပျံဝဲရင်း သူ့ကိုစကားပြောနေတဲ့ Panကို အကြည့်စူးစူးတစ်ချက်ပစ်လွတ်ရင်း

'Pan မင်းလဲ အဲ့တာနဲ့ပဲ ခြိမ်းခြောက်နေ'

ဂျီဟွန်း Pan နဲ့ စကားပြောနေလိုက်တာ
နေ့လည်စာစားချိန်တောင်ရောက်သွားသည်
သူ ချက်ချင်းထပီး ကန်တင်းသွားမို့ပြင်တုန်း
Pan ရဲ့ ရွင်မြူးနေတဲ့ အသံကိုကြားလိုက်ရသည်

'host ဗီလိန် ဟွမ်ဝူးနဲ့အတူ ကန်တင်းသွားပါ
ဗီလိန်ကြိုက်နှစ်သက်တဲ့အရာတွေကိုသိအောင်လုပ်ပါ point 500
ဗီလိန် ဟွမ်ဝူးကိုယ်တိုင် host ကို  ဂွန်းပိုးစေရန် point 500'

ဂျီဟွန်းထိုင်ခုံပေါ်သေချာပြန်ထိုင်ပီးမှ

'Pan မင်းရဲ့ mission တွေက တစ်မျိုးပဲနော်
သူနဲ့ကန်တင်းသွားတာကဟုတ်ပါပီ
သူကြိုက်တာကိုသိအောင်လုပ်ရမယ်ဆိုတာကဘာကြီးတုန်း
ပီးတော့ ယောကျာ်း အချင်းချင်း ဂွန်းပိုးတာက ထူးဆန်းတယ်မဟုတ်လား'

ဂျီဟွန်းသေချာပေါက် အားကျိုးမာန်တက်တုန့်ပြန်နေပေမယ့် တစ်ဖက်က ဘာအသံမှ ထွက်မလာပေ
သူဆက်တိုက်ဆက်တိုက် ပြောနေပေမယ့်
သူပြန်ကြားရတာက

' အထက်ကအမိန့်ကျလာလို့ သွားလိုက်ပါပီ
hostတစ်ခုခုလိုအပ်တာရှိရင် သိုလှောင်ခန်းထဲက ယူသုံးလို့ရပါတယ် '

 ဗီလိန်ကြီးကို မြူဆွယ်မယ်Dove le storie prendono vita. Scoprilo ora