အခန်းထဲမှာမတွေ့တာကြောင့် ၀ရံတာဘက်ကိုရှာဖွေရေးလုပ်ဖို့ ပြင်ဆင်ရပါတော့တယ်...ထင်တဲ့အတိုင်း အင်္ကျီချွတ်နဲ့ ၀ရံတာမှာငိုင်နေတာကြောင့် မလှမ်းမကမ်းကနေ ခါးထောက်ကာ သက်ပြင်းချရပြန်တယ်.....မနက်စောစောစီးစီး ဘာတွေကောက်နေလဲတော့မပြောတတ်....ဒီလူရဲ့စိတ်က 24နာရီမှာ အမျိုးမျိုးပြောင်းနေတတ်တာလေ

အနောက်ကနေတိတ်တိတ်လေးလျှောက်လာပီး ကျောပြင်ကျယ်ကြီးကို မ၀ံ့မရဲလေးလှမ်းဖက်လိုက်တော့ ကျတော့်ရဲ့တုန်ယင်နေတဲ့လက်ပေါ်ကို နွေးထွေးတဲ့လက်ဖ၀ါးလေးက  ကျရောက်လာပါတယ်

" နိုးလာပီလား အချစ် "

"အင်း ..ခင်ဗျားက အင်္ကျီမ၀တ်ပဲ ဒီမှာအလှပြနေတာလား "

" ဘာလဲ...ကိုယ့်ကိုသ၀န်တိုလို့လား "

" မတိုပါဘူး "

" ဘယ်တိုမလဲ အချစ်က ကိုယ့်ကိုမှမချစ်တာ "

တကယ်ကို ကောက်စိန်ပီသပါပေတယ်...မနေ့က ကျတော်လုပ်သလို ကျတော့်ကိုပြန်လုပ်နေတာတဲ့လေ...အခုတော့ ကျတော်ချော့အလှည့်ပဲဆိုပါတော့

" ဒါကဘာတုန်း ကျတော့်ကိုစိတ်ကောက်နေတာလား "

" ဟုတ်တယ် "

" ဘာဖြစ်ပီး ကောက်ရပြန်တာလဲ "

" အချစ်က ကိုယ့်ကိုမှ သ၀န်မတိုတာ..."

" သ၀န်မတိုတာနဲ့ပဲ မချစ်ဘူးဖြစ်ရောလား "

" ဟုတ်ရင်လဲ ဟုတ်မှာပေါ့ "

စောစောစီးစီး ကျတော့်ကိုလာရစ်နေတာကြောင့် တဖက်ကိုလှည့်နေတဲ့ကောက်စိန်ရဲ့ ပါးကို ခြေဖျားထောက်ကာ လှမ်းနမ်းပီးချော့ရပြန်ပါတယ်...ဒီခန္ဓာကိုယ်ကြီးက သူများရှေ့သာကြောက်ဖို့ကောင်းပေမဲ့ ကျတော့်ကိုတော့ အမြဲချွဲနေတဲ့လူလေ...ပြွတ်ကနဲ အသံမြည်အောင် နမ်းလိုက်မှ တည်နေတဲ့ရုပ်ကြီးက တဖြည်းဖြည်းနဲ့ အပြုံးစလေးတွေပေါ်ပေါက်လာတော့တယ်

" တဖက်ထဲနမ်းတာလား နောက်တဖက်ကျန်သေးတယ်လေ "

" တော်ပီပေါ့ တဖက်ပဲနမ်းမယ် "

" အင်းလေ အချစ်က ကိုယ့်ကိုမှမချစ်တာ "

" လုပ်ပြန်ပီ....အဲ့တာဆိုလဲ ဟိုဖက်ကိုလှည့် "

HANARY(S1+S2) Where stories live. Discover now