Chapter 《21》

Depuis le début
                                    

အိုး! ဒီဂရီတွေပိုတိုးလာပြန်ပြီလား? ချင်ဝေ့ဟော်ရဲ့ နှာတံက မှုန်ဝါးဝါးဖြစ်နေ၍ သူ ရှင်းရှင်းလင်းလင်းမမြင်ရပေ။

ရှောင်ပေါင်နဲ့ လျန်ရှန်းဟန်တို့ကလဲ ဖုန်းအသစ်ကို မြင်သွားကြသည်။ အတန်းပြီးသောအခါရှောင်ပေါင်ကျရာက်လာပြီး သူ့လက်ထဲတွင် ကစားကြည့်ရင်း ပြောလာခဲ့သည်။

"ကောင်းလိုက်တာ! XS ကဈေးမကြီးဘူးလား?"

အန်းနင်ပြောလိုက်သည်, "အဲ့တာက တစ်ယောက်က ပေးထားတာပါ။ ငါကဝယ်ဖို့ ဘယ်လိုလုပ် တတ်နိုင်ရမှာလဲ? "

လျန်ရှန်းဟန်က ရှောင်ပေါင်လက်ထဲက ဖုန်းကို ယူလိုက်ပြီး အန်းနင် အံဆွဲထဲကို ပြန်ထည့်လိုက်သည်။ သူက စဉ်းစဉ်းစားစားနဲ့ပြောလိုက်သည်

"မင်းက ကမ္ဘာကြီးကို မမြင်ဖူးဘူးလား?"

ရှောင်ပေါင်က နှုတ်ခမ်းထောင့်ကို မဲ့လိုက်သည်, "ငါက Xiaomi memberလေ ဒါကြောင့် Appleရဲ့ကမ္ဘာကို မသိဘူး!"

ထိုနေ့နေ့လည်တွင် အန်းနင်နဲ့ လျန်ရှန်းဟန်တို့က အမှတ်(၁) ကန်တင်းမှ ထွက်လာခဲ့သည်။ အပြန်လမ်းတွင် လျန်ရှန်းဟန်က ရုတ်တရက်ကြီး သူ့ကို လေးနက်စွာပြောလာခဲ့သည်,

"အန်းနင်, မင်းဖုန်းလေ။ လူအများကြီးမမြင်စေနဲ့"

အန်းနင် ခဏလောက် ကြောင်အသွားရသည်။ လျန်ရှန်းဟန် မျက်လုံးထဲက နက်ရှိုင်းနေတဲ့ အဓိပ္ပာယ်တွေကို မြင်လိုက်ရသောအခါ သေချာပြန်တွေးကြည့်ပြီး နားလည်သွားရ​၏။ သူက ဖြေးဖြေးချင်း ညည်းညူလာခဲ့သည်,။

"ကျေးဇူးပဲ ငါတကယ် တွေးမကြည့်မိခဲ့ဘူး။ ဒီဖုန်းက တကယ်တော့ ငါစာသင်ပေးတဲ့ကလေးရဲ့အမေပေးထားတာပါ,..."

လျန်ရှန်းဟန်ကပြောလိုက်သည်,"ငါသိတယ်!ဒါပေမယ့် တခြားသူတွေမသိဘူး။ ဒီကျောင်းက တချို့လူတွေ ဘယ်လောက်စကားများကြလဲ မင်းမသိပါဘူးကွာ!"

ထိုသို့ပြောပြီးနောက် သူက သူ့ပုခုံးကို လာပုတ်သည်။

"ဒီအကြောင်းပြောတာရပ်ရအောင်! ကော!Internet caféကို သွားကြမယ်လေ!"

မူလက အန်းနင် လက်ထဲတွင် ဖုန်းကိုင်ထားခဲ့သည်။ လျန်ရှန်းဟန် ထွက်သွားချိန်မှာတော့ သူက ကျောပိုးအိတ်ထဲကိုသာထည့်လိုက်မိသည်။

လီမွန်ရောင်လျှပ်စီး || ဘာသာပြန် || 『Completed』Où les histoires vivent. Découvrez maintenant