အန်းနင်က လွယ်အိတ်ထဲမှ turbanလေးကိုထုတ်ကာ ချင်ဝေ့ဟော်ကို ပြန်ပေးလိုက်သည်။ ချင်ဝေ့ဟော်က ယူလိုက်ပြီး သူ့လက်ဖဝါးနဲ့ပွတ်လိုက်ပြီးမှ မျက်ခုံးပင့်လိုက်သည်, "မင်း လျှော်ခဲ့တာလား?"

အန်းနင်ခေါင်းညိတ်ပြလိုက်ရာ ချင်ဝေ့ဟော်က မသိလိုက်ပါဘဲ turbanလေးကို သူ့ဂျက်ကတ်ရဲ့ အိတ်ထောင်ထဲ ထည့်လိုက်သည်။ သို့သော် သူက ဒီနေ့ အိတ်ထောင်မပါတဲ့ ဂျက်ကတ်ကို ဝတ်ခဲ့တာဖြစ်သည်။ ခဏတာမျှ အိတ်ထောင်ကိုရှာမတွေ့နေသောကြောင့် သူ့ခေါင်းကိုငုံ့ကြည့်လိုက်ရာ ဘာကြောင့်လဲဆိုတာ သဘောပေါက်သွားရ​၏။ ဒီအပြုအမူလေးက ချင်ဝေ့ဟော်ကို ထူးထူးခြားခြားပင် ချစ်စရာကောင်းသွားစေသည်။ အန်းနင် သူ့နှုတ်ခမ်းကိုဖိထားပြီး သတိမမူမိလိုက်သယောင်နဲ့တည်ငြိမ်စွာ အကြည့်ရုတ်လိုက်ရသည်။

အဆုံးတွင်တော့ ချင်ဝေ့ဟော်က Turbanကို ကိုင်ထားလိုက်ပြီး စားပွဲပေါ်ကဖုန်းကို တစ်ချက်ကြည့်ကာ မေးလာသည်။

"ဒါက ဖုန်းအသစ်လား?"

အန်းနင် ပြုံးလိုက်ပြီး ခေါင်းညိတ်လိုက်သည်။

"အင်း, ငါ အရင်တစ်လုံးကို သုံးလို့မရတော့ဘူး"

နှစ်ယောက်လုံးမှာ တစ်ခုခုပြောချင်နေကြသော်လည်း ထိုတစ်ခဏတွင် ဆရာက ရေနွေးဘူးတစ်ဘူးနဲ့ ဝင်လာခဲ့သည်။ ချင်ဝေ့ဟော်က စကားမဆက်တော့ပါဘဲ နောက်ဆုံးတန်းကို လျှောက်သွားလိုက်ကာထိုင်လိုက်တော့​၏။

အတန်း နားသည့်အချိန်တွင် အန်းနင်က သူ့မျက်လုံးကို အနားပေးရန် အကွာအဝေးတစ်ခုသို့ ကြည့်နေလိုက်သည်။အမှတ်တမဲ့ဖြင့် နောက်တန်းက ချင်ဝေ့ဟော်ဆီကို အကြည့်တစ်ချက်ရောက်သွားသေးသည်။ဒီတစ်ကြိမ်တွင်တော့ ချင်ဝေ့ဟော်က ဖုန်းမဆော့နေပေ။ သူက ထိုင်ခုံကို မှီထားပြီး ပြတင်းပေါက်ကို ကြည့်နေခဲ့သည်။ အန်းနင် သူဘာတွေတွေးနေလဲဆိုတာ သိချင်မိ​၏။ အမူအရာက အေးစက်နေသည့်တ်ိုင် ဘေးတိုက်မျက်နှာမှာ ပန်းပုလက်ရာကဲ့သို့ပင် မိန်းကလေးတွေကိုရင်ခုန်အောင်လုပ်နိုင်လေသည်။

အန်းနင် မျက်စိစွေကြည့်လိုက်မိပြီး မျက်မှန်ကိုပင့်လိုက်သည်။

လီမွန်ရောင်လျှပ်စီး || ဘာသာပြန် || 『Completed』Where stories live. Discover now