[10]

2.5K 390 64
                                    

( Unicode )

မီးဖိုခန်းထဲမှာ နှစ်ယောက်စလုံး စကားတခွန်းမဆိုဘဲ စားပွဲအလယ်တည့်တည့်မှာချထားတဲ့ ပူပူနွေးနွေးခေါက်ဆွဲပြုတ်အိုးကိုသာစိုက်ကြည့်နေကြ၏။

အချိန်ကလည်း ည ဆယ်နာရီထိုးလုနီးနီးဖြစ်နေပြီ။ ချန်းယောလ်အနားယူဖို့ရာ ဘတ်ခ်ဟျွန်းရဲ့ အခန်းကိုရှင်းလင်းပေးပြီး ဘတ်ခ်ဟျွန်းက အစ်ကိုကြီးအခန်းထဲဝင်အိပ်မယ်ကြံတုန်း ရုတ်တရက်ကြီးတံခါးလာခေါက်ပြီး ဗိုက်ဆာလို့ ခေါက်ဆွဲပြုတ်ပေးလို့ ဆိုလေသတဲ့။

ပြုတ်ပေးတော့လည်း လက်ဖျားနဲ့တောင်တချက်မထိဘဲ ဘတ်ခ်ဟျွန်းကိုသာဇိမ်ပြေနပြေကြည့်လေပြန်၏။

နှစ်ယောက်သား မျက်နှာချင်းဆိုင်ပြီးစကား ကောင်းကောင်းမပြောရသေးတာ လွန်ခဲ့တဲ့ မိနစ်ပိုင်းတုန်းက ဘတ်ခ်ဟျွန်းနှုတ်ဖျားမှထွက်ကျလာတဲ့ ' မောင် ' ဟူသောအသုံး အ နှုန်းပြောပြီးပြီးချင်းကတည်းကဖြစ်သည်။

" ဘာလုပ်နေတာလဲ၊ မစားဘဲနဲ့ "

" ရှင်းပြမယ်ဆို .. ဘာလို့ကျွန်တော့်ကိုရှင်းပြဖို့မကြိုးစားတော့တာလဲ "

ဘတ်ခ်ဟျွန်းအမူအရာသိသိသာသာပျက် ယွင်းလာပြီး အိုးအဖုံးကိုကိုင်ကာခေါက်ဆွဲတွေထည့်ပြီး ရှလွတ်၊ရှလွတ်မြည်အောင် စုပ်ရင်းစားနေလိုက်သည်။

ပါးနှစ်ဖက်အပြည့် ခေါက်ဆွဲထည့်ကာဝါးနေ သော ဘတ်ခ်ဟျွန်း၏ပုံစံကိုချန်းယောလ်အ သေးစိတ်လိုက်ကြည့်နေမိသည်။ ရှက်နေတာ သေချာပါတယ်။ ခေါက်ဆွဲပူလို့ မျက်နှာနီနေ တာမျိုးမဟုတ်ဘဲ ချန်းယောလ်မေးခွန်းတွေကို ပြန်ဖြေဖို့အကျပ်အတည်းဖြစ်နေသည့်ပုံစံမျိုး။

" ခင်ဗျားမရှင်းပြဘူးဆိုရင် ပိုင်နဲ့ခင်ဗျားတို့ တခုခုဖြစ်ပြီးသွားပြီလို့ ကျွန်တော်တထစ်ချယုံကြည်လိုက်မယ် ... ဘယ်လိုလဲ "

" အဟွတ် .. အဟွတ် "

စားနေတဲ့ခေါက်ဆွဲက ပူပူစပ်စပ်နှင့်ကြား လိုက်ရတဲ့ စွပ်စွဲချက်တွေက တနင့်တပိုးဖြစ်တာကြောင့် ဘတ်ခ်ဟျွန်းသီးသွားရ၏။

" ငါတို့က လုပ်ဖော်ကိုင်ဖက်အနေနဲ့ရိုးရိုးသား သားလို့ပြောပြီးသားပဲလေ၊ မင်းမယုံလည်းမတတ်နိုင်ဘူး "

After We Broke Up [ COMPLEDED ]Where stories live. Discover now