အတွေးတွေများနေရင်းနဲ့ပဲ ငါနဲ့ကျုကျွယ်နဲ့ဟာ ချန်းချင့်တောင်အောက်နားအထိ ရောက်လာခဲ့ပြီ။ ငါတို့ သူ့နောက်လိုက်ပြီး တောင်ပေါ်ကို စွတ်စွတ်စွတ်နဲ့ လိုက်တက်သွားလိုက်တယ်။ ငါတို့က ဖြတ်လျှောက်လေးနောက်ကလိုက်နေတာဆိုတော့ သူ့ရဲ့အပေါ်အင်္ကျီနဲ့ ဘောင်းဘီအမည်းကြားက တစွန်းတစထွက်နေတဲ့ အောက်ခံဘောင်းဘီကိုမြင်နေရတယ်။ အဲ့ဒါက အနီရောင်ကိုမှ အဖြူရောင်အသဲပုံလေးတွေအပြည့်နဲ့။ ဒါက အရမ်း မျက်စိစားတာကြောင့် ငါတောက်လျှောက် အကြည့်မလွှဲနိုင်ခဲ့ဘူး။ ငါတို့ဖြတ်လျှောက်လေးက တောင်တစ်ဝက်လောက်အထိ ပြေးတက်သွားပြီး ရှင်းလင်းနေတဲ့ ချောက်ကမ်းပါးတစ်ခုအနားရောက်တော့ လေထဲကို လှမ်းပြီး အလေးပြုလိုက်တယ်။

"ဆရာ။"

ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ အခါသမယလေး ရောက်ရှိလို့လာပါပြီ။ ဝတ္ထုရဲ့ ပထမဆုံးသော ဗီလိန်ဘောစ့်က ဇာတ်ကြောင်းအပြောင်းအလဲနဲ့အတူ ထွက်ပေါ်လာခဲ့ပြီ။ စာရေးသူရဲ့ အပိုင်းသစ်တင်တဲ့ အချိန်ဇယားပြဿနာကြောင့် သူတို့က ဘယ်သူတွေမှန်းတော့ ငါခုထိမသိသေးဘူး။ ဒါပေမယ့် ဒီဇာတ်လမ်းရဲ့ပုံစံအရတော့ သူက လုံးဝကို အပြတ်သားနားပြီး၊ ခမ်းခမ်းနားနားထည်ထည်ဝါဝါနဲ့ ရိုင်းရိုင်းစိုင်းစိုင်း၊ ဘဝင်မြင့်ပြီး မောက်မာထောင်လွှားတဲ့ပုံစံပဲဖြစ်ရမယ်။ ပြီးတော့သူ့ရဲ့အချစ်ရေးရာက ...... အဟွတ်၊အဟွတ်။ ဒါက ဖန်ဆားဗစ်အနေနဲ့ စာရေးသူထည့်ရေးလိုက်တာပဲဖြစ်ရမယ်။ ဒါကလည်း ဟာရမ်းစာရေးဆရာတွေက အဓိက ဇာတ်လိုက်ရဲ့ မောင်းမဆောင်ထဲက အချင်းချင်းချစ်ကြိုက်နေကြတဲ့ ကောင်မလေးနှစ်ယောက်ကို ထည့်ပေးတတ်သလိုပဲပေါ့။ မောင်းမဆောင်တွေထဲမှာဆို ကေင်မလေးနှစ်ယောက်က (ဇာတ်လိုက်မပါပဲ ) အချင်းချင်း အထမြောက်အောင် မလုပ်နိုင်ကြဘူးလေ။ ဒါပေမယ့် ဒီဝတ္ထုကျ မတူတော့ဘူး။ ငါတို့ရဲ့ ဗီလိန်ဘော့စ်ကြီးက ယောက်ျားလေးလေ။ ဒါပေမယ့်လည်း လူမှုရေးရာမှာ နေရာကောင်းကောင်းယူထားတဲ့  ဖူဂျိုရှီတချို့ကို ဆွဲဆောင်တာကလည်း မဆိုးပါဘူးလေ။

ပြီးတော့ ငါနဲ့ကျုကျွယ်ရဲ့ရှေ့မှာ ၁.၉မီတာမြင့်တဲ့ ဗီလိန်ဘော့စ်ကြီးဟာ အင်မတန်မှ ဂေးတွေရဲ့ပုံသေဖြစ်တဲ့ ငွေနဲ့လုပ်ထားတဲ့ ခရမ်းရောင်မျက်နှာဖုံးနဲ့ ပေါ်လာတယ်။ သူ့ရဲ့မျက်လုံးတွေကို မှေးလိုက်ပြီး

အရန်ဇာတ်ကောင်တစ်ယောက်၏အသက်ရှင်သန်ခြင်းနည်းလမ်းပေါင်းချုပ်(complete)Where stories live. Discover now