ဇာတ်လိုက်မင်းသမီးတယောက်အနေနဲ့ စာရေးသူက သူ့ကို ဖူးဖူးမှုတ်အလိုလိုက်ထားရတဲ့ စိတ်ဆတ်တဲ့မင်းသမီးတစ်ယောက်လို ဇာတ်ကောင်စရိုက်ကို ပေးထားတယ်။ သူက အင်းဆက်ဘုရင်ရဲ့ စွမ်းရည်ကို အမွေဆက်ခံထားတဲ့သူတစ်ယောက်ဖြစ်တယ်။ သူအမြဲတမ်းသယ်ထားတဲ့ ဘူးသီးခြောက်ထဲမှာ အင်းဆက်ပိုးမွှားတွေအမျိုးစုံအပြည့်ရှိတယ်။ စကားမစပ် သူက ဂိုဏ်းခေါင်းဆောင်ရဲ့ သမီးလည်းဖြစ်နေသေးတယ်။ သူက ဘာလို့ ဇာတ်လိုက်မင်းသမီးဖြစ်ရတာလဲဆိုတာရဲ့ အရေးကြီးတဲ့ အချက်တစ်ချက်က သူက တအား လှတယ်လေ။ တကယ်တော့ တချို့ရုပ်ဆိုးဆိုးနဲ့ ဇာတ်လိုက်အမျိုးသမီးတွေပါတဲ့ ဝတ္ထုတွေအကြောင်း ငါကြားဖူးပါတယ်။ သူတို့တွေက လှပမနေရင်တောင် ဖြူစင်ပြီး ချစ်ရာကောင်းပြီး တုံးအတဲ့ပုံစံရှိကြတယ်။ အရောင်တွေစွန်းမနေဘူးပေါ့။ အခုလည်း သူက ဇာတ်လိုက်က မြင်မြင်ချင်းချစ်သွားရမယ့် သူတစ်ယောက်ဖြစ်တာမို့ သူ့ရုပ်ကတော့ မလှနေလို့မရဘူး။ သေချာတာက ဒါကလည်း ငါတို့အတွက် စီစဉ်ထားတဲ့ ကာရိုက်ဆက်တင်ရဲ့ တစိတ်တပိုင်းပဲလေ။ အမှန်အတိုင်းပြောရရင် ငါက သူနဲ့ ငယ်ငယ်လေးကတည်းက အတူတူကြီးလာခဲ့တာဆိုတော့ တကယ့်အစစ်အမှန် သူက ဘယ်လိုလူမျိုးလဲဆိုတာ ငါအသိဆုံးပဲ။ အေးခဲတောင်ထိပ်တဂိုဏ်းလုံးက သူ့ကို အလိုလိုက်ပြီး တန်ဖိုးထားကြပေမယ့် သူက တကယ်တော့ တအားစိတ်တိုမလွယ်ပါဘူး။ သူက တကယ်ကို ကြင်နာတတ်ပြီး သူများအတွက်လည်း တအားစဉ်းစားပေးတတ်တာ။ ပြီးတော့ အရေးကြီးဆုံးက သူက အင်းဆက်တွေကို ကြောက်တယ်။

ဒါက တကယ်ကြီးမားတဲ့ ကပ်ဆိုးပဲ။ ဖြေရှင်းလို့မရနိုင်တဲ့ ကပ်ဆိုး။ အားလုံးက နည်းလမ်းအမျိုးမျိုးနဲ့ သူအင်းဆက်တွေကို ကြောက်တဲ့စိတ်ကို ဖြေရှင်းပေးဖူးတယ်။ ဒါပေမယ့် မင်းတို့မြင်တဲ့အတိုင်း တစ်ခုမှ အသုံးမဝင်ဘူး။

ငါတံခါးသွားဖွင့်ပေးလိုက်တယ်။ ဇာတ်လိုက်အမျိုးသမီးရဲ့ နာမည်က ချိုးယွီ။ သူက တံခါးအပြင်မှာ ခြင်းတောင်းတစ်ခုကို ကိုင်ပြီး ရပ်နေတယ်။ ချိုးယွီက အခန်းထဲတစ်ချက် ချောင်းကြည့်လိုက်တော့ ကုတင်ဘေးမှာရပ်နေတဲ့ ကျုကျွယ်ကို မြင်သွားတယ်။  သူက တံတွေးတစ်ချက်မျိုချလိုက်ပြီး အခန်းထဲကို ခေါင်းမော့ရင်ကော့ပြီး ဝင်လာတယ်။

အရန်ဇာတ်ကောင်တစ်ယောက်၏အသက်ရှင်သန်ခြင်းနည်းလမ်းပေါင်းချုပ်(complete)Where stories live. Discover now