"ဒါပေမယ့် ငါလည်း မရှုံးပါဘူး။ သူ့မျက်နှာက်ို ငါပြန်ခဲ့တာ။ ရည်းစားတောင်မရနိုင်လောက်တော့ဘူးထင်တယ်။"

ဟုတ်တယ်။ ငါ့အက်ိုကြီးရဲ့ ဉာဏ်ရည်နိမ့်ဆင်းသွားပြီ။

"သူ့ကြောင့် မင်းဒဏ်ရာတွေရလာတာလေ။ ငါလည်း သည်းမခံနိုင်တာနဲ့ သူ့ခြေထောက်ကိုပြန်ချိုးပေးခဲ့တယ်။"

ဆေးလိမ်းပေးနေတဲ့ ငါ့လက်တွေရပ်တန့်သွားတယ်။

"မုဖုန်း?"

ငါ အကိုကြီးရဲ့လက်ကို ဖြောင်းခနဲ ချပစ်လိုက်တယ်။ အကိုကြီးက လန့်သွားတာမို့ ထခုန်လိုက်ပြီး သူ့ခေါင်းသူကိုင်ထားရင်း ငါ့ကို တစ်ချက် ခိုးကြည့်တယ်။ သူ့အဝေးမှုန်နေပုံနဲ့ ဒီအကွာအဝေးကနေ ငါ့ကိုမြင်ရလားမသေချာပေမယ့် သူ့ကိုယ်သူ အမှားလုပ်မိတာတော့ သိသွားပုံရတယ်။ အကိုကြီးက သနားချင့်စဖွယ်အသံလေးနဲ့ မေးရှာတယ်။

"...မင်း စိတ်ဆိုးသွားတာလား။"

"အကိုကြီး ဘာလို့ သူ့ကို ဒုက္ခပေးနေတာတုန်း။"

"အိုး.... တခြားလူတစ်ယောက်အတွက်နဲ့ ငါ့ညီလေးက သူ့အကိုကြီးကို မလိုချင်တော့ဘူးတဲ့။"

"သနားစရာကောင်းအောင် ဟန်ဆောင်မနေနဲ့။"

"အိုး.." အကိုကြီးက ငါ့ကိုခိုးကြည့်ရင်း သူ့ခေါင်းသူလှမ်းကိုင်လိုက်တယ်။ "မုဖုန်း .... သူက မင်းအတွက် အဲ့လောက်တောင် အရေးပါတာလား။"

"သူ အရေးပါမပါ ဘာလို့မေးနေတာလဲ။ သူက ကျွန်တော့်ရဲ့ တပည့်တစ်ပိုင်းပဲဟာကို။ သူ့ကို အနိုင်မကျင့်နဲ့။"

"ဒါဆို မင်းရဲ့အကိုကြီးကရော အရေးမပါတော့ဘူးလား။ ဝူး..."

"အကိုကြီးကလည်း အရေးပါတာပဲလေ။"

"မုဖုန်း~" အကိုကြီးက ငိုကြီးချက်မနဲ့ ငါ့ရင်ဘတ်ထဲတိုးဝင်လာပြီး သူ့နှပ်ချေးတွေနဲ့ မျက်ရည်တွေက ငါ့အပေါ်ကျလာတယ်။ ငါ့ရဲ့ အသန့်ကြိုက်တဲ့အတွင်းစိတ်က ပေါက်ကွဲခါနီးဖြစ်နေပေမယ့် အကိုကြီးကို တွန်းထုတ်လိုက်ဖို့ကလည်း နည်းနည်းရက်စက်ရာကျဦးမယ်။ ဒီလိုနဲ့ သူငိုတာ နေ့တစ်ဝက်လောက် ကြာသွားပြန်တယ်။ ငါ ကျုကျွယ်ကိုလည်း စိတ်ပူနေပေမယ့် သူ့ကို သွားတွေ့လို့မှမရတာ။ ပြန်ပေးဆွဲခံရတဲ့ဇာတ်ကောင်က အမှောင်ထဲမှာပေါ်လာပြီး ဇာတ်လိုက်က ရိပ်မိသွားမယ်ဆို အဲ့ဒီဇာတ်ကောင်က ဆန်းကြယ်တဲ့ဗီလိန်ဘော့စ်အကြီးစားဖြစ်သွားလိမ့်မယ်။ ဇာတ်ကြောင်းကသာ အဲ့လိုကြီးပြောင်းသွားရင် သေပြီပဲ။ ငါပဲသေသေ၊ ကျုကျွယ်ပဲသေသေ၊ လူတွေအားလုံးပဲသေသေ၊ ကြောက်စရာကြီး။ ဟုတ်ပြီလား။ တကယ်ကြီးတိုက်ရခိုက်ရတော့မယ်ဆိုရင် ငါ ကျုကျွယ်ကို ချနိုင်မှာမဟုတ်ဘူး။

အရန်ဇာတ်ကောင်တစ်ယောက်၏အသက်ရှင်သန်ခြင်းနည်းလမ်းပေါင်းချုပ်(complete)Where stories live. Discover now