Extra Part ❤️

En başından başla
                                    

"ရှိတယ် သူ့အဖေနဲ့ ရေချိုးနေကြတယ် ပြီးရင် ဆင်းလာမှာ"

မတွေ့ဖြစ်တာ ကြာနေပြီမို့ နှစ်ယောက်သား ပတ်ဝန်းကျင်ကို မေ့ပြီး စကားတွေ ပြောမိနေကြသည်။ ထိုစဉ် သူမကို နောက်ကနေ လှမ်းဖက်လိုက်တာနှင့်အတူ အမြွှာလေးနှစ်ယောက်နှင့် သူက ရောက်လာသည်။

"မေမေ..."

"ဟယ် ကြည့်စမ်း...ချစ်ဖို့ကောင်းလိုက်တဲ့ အမြွှာလေးတွေပဲ..၊ တီတီ့ကို မှတ်မိလား"

ပန်က မေးတော့ ကလေးနှစ်ယောက်က မျက်လုံးဝိုင်းလေးတွေနှင့် သူမကို မော့ကြည့်လာသည်။

"တီတီပန်လေ ကလေးတို့၊ မေမေတို့ ဖုန်းထဲမှာ တွေ့ဖူးတယ်လေ မှတ်မိလား"

အဲ့ဒီတော့မှ သမီးလေးက...

"တီတီပန်က ဖုန်းထဲကနေ ထွက်လာတာလားဟင်"

သမီးလေးစကားကို အကုန်လုံး သဘောကျစွာ ရယ်လိုက်မိကြသည်။

"ဟုတ်တယ် တီတီပန်က ကလေးတို့ကို တွေ့ချင်လို့ ဖုန်းထဲက ထွက်လာတာ၊ ကြည့်ပါဦး ၃ နှစ်လို့တောင် မထင်ရဘူး စကားတတ်လိုက်တာ"

ပန်က ကလေးနှစ်ယောက်ရဲ့ ပါးလေးတွေကို အသာဆွဲဖဲ့ရင်း ပြောပြီး ဘေးက အထုတ်တွေကို လှမ်းပေးသည်။

"ဒါက သမီးလေး လအလင်္ကာရှိန်း အတွက်၊ ဒါကတော့ သားသား လကမ္ဘာရှိန်း အတွက်"

"ဘာတွေဝယ်လာပြန်တာလဲ ပန်ရဲ့.."

"ကလေးတွေအတွက် အင်္ကျီလေ...ငါ ဝယ်ခဲ့တာ ဆိုဒ်တွေများ သေးသွားပြီလား မသိဘူး နွေဦး၊ နင့်ကလေးတွေက အရမ်းထွားတာပဲ"

"သေးလည်း ကိစ္စမရှိပါဘူး၊ နောက်ကလေးမွေးရင် ဝတ်လို့ရတာပေါ့"

သူက ဝင်ပြောတော့ သူမက မျက်နှာရဲရင်း သူ့ကို လှမ်းဆိတ်သည်။

"ကိုကိုနော်...."

ပန်က သူမတို့ကို ကြည့်ရင်း ကြည်နူးစွာ ပြုံးမိသည်။

"ပန်..နင်ရော..ဘယ်တော့ လက်ထပ်မှာလဲ"

"မစဉ်းစားမိသေးပါဘူး နွေဦးရယ်"

"အခုထိ မာန့်ကို မေ့လို့မရသေးဘူးလား ပန်"

သူမ မေးခွန်းကို ပန် မဖြေပဲ မျက်နှာလေး ညှိုးရင်း ခေါင်းညိတ်သည်။

တိတ်တခိုး ချစ်ရသော....❤️ Hikayelerin yaşadığı yer. Şimdi keşfedin