Extra Part ❤️

Começar do início
                                    

"သားလည်း လိုက်ချင်တယ် ဖေဖေ၊ အခု ရေချိုးမယ်နော်"

"လိမ္မာလိုက်တဲ့ မေမေ့သားလေး"

သူမက သားလေးရဲ့ ပါးကို နမ်းရင်း ပွေ့ကာ ရေချိုးဇလုံထဲ ထည့်ပေးလိုက်သည်။ သူက သူမနား ကပ်လာပြီး နဖူးကို ခပ်ဖွဖွနမ်းတော့...

"ကိုကို ဟိုမှာ မေမေ့နဖူး ဘာဖြစ်လို့လဲ မသိဘူး၊ ဖေဖေက ဖူး ဆိုပြီး မှုတ်ပေးနေတယ်"

သူတို့ကို ကြည့်ပြီး သမီးလေးက သူ့အစ်ကိုကို လှမ်းပြောလိုက်ရင်း နှစ်ယောက်သား ဆော့နေကြပြန်သည်။

"မမလေး"

"ဟုတ် ကိုထွန်း လာလေ"

မောင်ထွန်းက အခန်းထဲ ဝင်ခဲ့ရင်း....

"အမြွှာလေးတွေ ရေချိုးနေကြတာလား မမလေး"

"ဟုတ်တယ် ကိုထွန်း၊ အခု ဘာပြောမလို့လဲဟင်"

"မမလေး သူငယ်ချင်း ရောက်နေတယ်"

"ဟင် ဟုတ်လား"

ပန်ရောက်နေတယ်လို့ ကြားကြားချင်း သူမ ဝမ်းသာသွားမိသည်။ မတွေ့တာ တော်တော်ကြာနေပြီ မဟုတ်လား...။

"ခဏစောင့်ပေးပါဦးလို့ ပြောပေးပါနော် ကိုထွန်း၊ နွေဦး ကလေးတွေ ရေချိုးပြီးရင် ဆင်းလာပါ့မယ်"

"သွားတွေ့လိုက်ပါ သဲငယ်လေးရဲ့၊ ပန်က အခုမှ ပြန်လာတာ မဟုတ်လား၊ ကလေးတွေကို ကိုကို ရေချိုးပေးလိုက်မယ်"

သူပြောတော့ သူမက ကလေးတွေကို လှမ်းကြည့်ရင်း သူ့ပါးကို မမှီ့တမှီလှမ်းနမ်းကာ....

"ကျေးဇူးတင်ပါတယ် ကိုကို"

သူ့ကို ကျေးဇူးတင်စကားပြောပြီး သူမက အခန်းထဲကနေ အပြေးထွက်သွားခဲ့သည်။

"ပန်...."

ပန့်ကို မြင်မြင်ချင်း အပြေးသွားကာ ဖက်ရင်း မျက်ရည်ကျမိသည်။

"ပန်..နင် အဆင်ပြေရဲ့လားဟင်၊ နင့်ကို သတိရနေတာ"

"အင်း....ငါ အခု ဒီကို ရောက်ရောက်ချင်း နင့်ဆီလာခဲ့တာပဲ အရမ်းသတိရနေလို့"

"အခုက ခဏ ပြန်လာတာလား"

"အင်း ဟိုကို ခဏတော့ ပြန်သွားရဦးမှာ၊ ပြီးရင်တော့ ဒီမှာပဲ နေဖြစ်တော့မယ်..ဒါနဲ့...ကလေးတွေရော"

တိတ်တခိုး ချစ်ရသော....❤️ Onde histórias criam vida. Descubra agora