1-သေစေနိုင်လောက်တဲ့သစ္စာဖောက်မှု

Start from the beginning
                                    

သူမဘယ်အချိန်ထဲကနိုးနေတာလဲ?
ဘယ်လောက်ထိကြားသွားသေးလဲ?

ဂုဝေဝေကစကားပြောဖို့ကြိုးစားပေမဲ့သူမရဲ့လည်ချောင်းကအသံထွက်ဖို့အတွက်တောင်ခြောက်သွေ့လွန်းနေတယ်။

အရင်ကတည်းက သူမကတိုက်ခိုက်မှုတွေနဲ့ကြုံရတာကြောင့် ဂုမိသားစုက သူမကို သေချာကာကွယ်ထားခဲ့တယ်။

ဒါကြောင့်သူမမှာသူငယ်ချင်းမရှိဘူး။ လင်းယန်ကဘဲ သူမရဲ့တစ်ဦးတည်းသောသူငယ်ချင်း။။

လင်းယန်ကအမြဲတမ်းအားနည်းတာကြောင့် ညီအစ်မတစ်ယောက်အနေနဲ့ သူမရဲ့ဆန္ဒတွေပြည့်ဖို့အတတ်နိုင်ဆုံးကြိုးစားပေးခဲ့တယ်။သူမဘဝမှာနောင်တဆိုတာမျိုးမရှိရလေအောင် လုပ်ပေးခဲ့တယ်။

အခုတော့ သူမက ငါ့ကိုသတ်ပြီးငါ့နှလုံးသားကိုလိုချင်တယ်တဲ့လား။

အခုဂုဝေဝေရဲ့ပုံစံကိုကြည့်ပြီး လင်းယန်ရဲ့ကြောက်လန့်တဲ့ အကြည့်က တစ်ဖြည်းဖြည်းပြောင်းလဲသွားတယ်။သူမရဲနေမကောင်းဖြစ်ပြီးဖြူဖျော့နေတဲ့မျက်နှာပေါ်မှာ ယုတ်မာစွာပြုံးလို့နေတယ်။စက္ကန့်ပိုင်းအတွင်းလေးမှာဘဲဂျီဖန်လက်ထဲကရိုက်တံကိုဆွဲယူလိုက်တယ်။

"ဝေဝေ ,နင်ဘဲပြောတယ်လေ၊ငါတို့ကအချစ်ဆုံးသူငယ်ချင်းတွေဆို၊င့ါဆန္ဒတွေအားလုံးဖြည့်ဆည်းပေးမယ်ဆို။ငါအသက်ဆက်ရှင်ချင်တယ်၊အာ့ကြောင့် ငါ့ကိုကူညီ၊ ငါ့ကို နင့်နှလုံးသားပေးလိုက် "

"ယန်...."ဂျီဖန်ကသူမသမီးကိုလက်လွှတ်လိုက်တော့လို့ပြောဖို့ကြိုးစားနေတယ်

လင်းယန်ကဂုဝေဝေကိုရက်စက်စွာကြည့်လိုက်တယ် "မေမေ သူ့လိုခွေးမအတွက်နဲ့သမီးအသက်ကိုစွန့်လွှတ်ချင်လို့လား။ဒါက သူ မဟုတ်ရင် သမီးဘဲ။ တစ်ခြားလမ်းမရှိတော့ဘူး"

လင်းယန်က ဂုဝေဝေရဲ့လက်​မောင်းကိုဆေးထိုးနေရင်းဂျီဖန်စကားကိုဖြတ်ပြောလိုက်တယ်   "ဂုစီထင်က သူမ သတိပြန်လည်လာတာသိသွားရင် သူက သမီးကို သူမရဲ့နှလုံးကိုပေးမှာမဟုတ်တော့ဘူး"

ဂုဝေဝေမသေဘူးဆိုရင် သူမအကြာကြီးအသက်ရှင်နိုင်မှာမဟုတ်တော့ဘူး။ ပြီးတော့သူမနဲ့ဂုစီထင် အတူတူ တွဲဖြစ်မှာမဟုတ်တော့ဘူး။

ချိုမြိန်သောအချစ်Where stories live. Discover now