DS-Arc_1(မေဟွားရွယ်)🔞

Start from the beginning
                                    

🕊Ha.ha...bunnyကတော့လေ မကြောက်ပါနဲ့bunnyရဲ့ ကြောက်စရာတွေတောင် ငါကမလုပ်ရသေးတာကို အခုထဲကကြောက်နေတာကတော့ မမိုက်ပါဘူး🕊

🐇ဟားဟားးbunnyက ဒီတိုင်းပြောလိုက်တာပါ hostကသာလူသတ်မယ်ဆို ကျွန်တော်ကအလောင်းဖျောက်ပေးမဲ့စစ်စတန်ပါဗျ..🐇

🕊အေးပါ...ကြည့်ကြ​သေးတာပေါ့bunnyရယ်🕊

🐇ကြည့်သာကြည့်နေလိုက်ပါhostရယ်🐇

ဟွားရွယ်နှင့်bunnyတို့စကားများနေကြသည့်တိုင် တစ်ဖက်တွင်တော့

အိမ်ရှေ့စံလန်ချန်းမင်တစ်ယောက် ဥယျာဥ်တော်ထဲသို့မုန့်လာပို့ပေးရန်မှာထားသည်ကိုတောင် နောက်ကျနေသည်မို့ သူကိုယ်တိုင်ပင်သွားယူရန်ထွက်အလာ လမ်းတစ်ဝက်တွင် စားသောက်ဖွယ်များအားယူလာပေးသည့်အစေခံများအားတွေ့သည်မို့ ပန်းကန်များအား ကိုယ်တိုင်ပင် လက်ဆင့်ကမ်းယူလိုက်ကာ ထိုအစေခံလေများအား နောက်တစ်ခါနောက်မကျစေရန်မှာလိုက်ပြီး စားဖွယ်ပန်းကန်များအား ကိုင်ကာ ဥယျာဥ်တော်တွင်းရှိ သူ၏ဇနီးလေးရှိရာသို့..

bunnyနှင့်စကားပြောပြီးဥယျာဥ်တော်တွင်းသို့ပတ်ကာ စူးစမ်းနေသည့် ဟွားရွယ်တစ်ယောက် bunny၏ အိမ်ရှေ့စံရောက်လာပြီဆိုသည့်အသံကြောင့် လှည့်ပတ်ကြည့်နေရမှ ဥယျာဥ်တွင်းရှိ အနားယူရာအရိပ်ရစားပွဲနှင့်ထိုင်ခုံများရှိသည့်နေရာသို့ အပြေးသွားကာ..

"ဘယ်တွေသွားနေတာလဲဇနီးလေးရဲ့"

"ဥယျာဥ်တော်ကိုပတ်ကြည့်နေတာလေ..ခြေသံကြားလို့ ယောက်ျားရောက်လာပြီဆိုတာသိတာနဲ့ ချက်ချင်းလာလိုက်တာ"

"ဟုတ်ပါပြီကွာ..ဒါဆို ဗိုက်စာနေပြီမလား တူတူစားကြတာပေါ့"

"ဟုတ်ကဲ့အရှင်.."

သူမနှင့်အရှင်နှစ်ယောက် ဥယျာဥ်တွင်း၌စားဖွယ်များ တည့်ခင်းပြီးသည်နှင့် သူမတို့နှစ်ယောက်အတူတူအဆောင်သို့ပြန်လာကြသည်ပင်။

သူမ၏ယောက်ျားကတော့ မင်းကြီးကဆင့်ခေါ်သည်မို့ မင်းကြီးဆီသို့သွားရလေသည်။သူမလည်း ပျင်းလာသည်နှင့် လေညှင်းခံရန် အိမ်ရှေ့စံအဆောင်တော်ရှိ ပြတင်းပေါက်အားဖွင့်ကာ ကောင်းကင်အားကြည့်ပြီး လတ်လတ်ဆက်ဆက်ရရှိသောလေများအားရှူကာ အတွေးနွံနစ်နေလေတော့သည်။

You've reached the end of published parts.

⏰ Last updated: Apr 16, 2023 ⏰

Add this story to your Library to get notified about new parts!

⚠️Dark System..⚠️Where stories live. Discover now