𝐍𝐨𝐭 𝐀𝐧 𝐀𝐝𝐝𝐢𝐜𝐭𝐢𝐨𝐧 , 𝐀 𝐋𝐨𝐯𝐞

Start from the beginning
                                    

" အဲ့တာဆို မင်းရဲ့အိမ်တော်ဆီ လိုက်လည်မယ်။ "

" အဲ့အကြောင်းကို မပြောဖို့ ဘယ်နှခါပြောရဦးမလဲ ငဂျစ်လေးရေ။ အမေက သူစိမ်းကို အလာမခံဘူးလို့။ "

ဂျေးရဲ့နှုတ်ခမ်းတွေက အရှေ့သို့ စူထွက်ပြီးရင်း စူထွက်လာသည်။ မကျေနပ်ပါ။ ဖြစ်ချင်တာ မဖြစ်တာကြောင့် ဂျေးတစ်ယောက် ဆူပုတ်နေပြီ။ ဒင်ဘယ်ကတော့ ချစ်စရာကောင်းလွန်းတဲ့ ကလေးကြီးကြောင့် ပြုံးစိပြုံးစိ လုပ်နေသည်။

" ငါသွားရတော့မယ်။ မင်းလည်းပြန်တော့။ ငါ့ဆီလည်း နေ့တိုင်းနီးပါး လာမနေနဲ့ဦး။ တစ်ခါတစ်ခါလျှောက်ရင် အကြာကြီးလျှောက်ပြီးလာရတာကို ခြေထောက်တွေ နာနေမှာပေါ့။ "

" မနာပါဘူး။ "

" ပင်လည်းပင်ပန်းနေမှာပေါ့။ "

" မပင်ပန်းပါဘူး။ "

ဂျေးဆိုတဲ့ ကလေးဆိုးလေးက တစ်ခွန်းမကျန် ပြန်ပြောလာလေရဲ့။ ဒင်ဘယ်ကတော့ အသည်းယားလို့ ပါးတွေကို အသာဆွဲဖျစ်မိသည်။ အိုဂျေးလို့ အမည်ရတဲ့ သခင်လေးက တကယ်ကို အသည်းယားစရာကောင်းတဲ့ ငဂျစ်ကလေး။

" လူတစ်ယောက်တည်းနဲ့ နေ့တိုင်း တွေ့ရတာ မငြီးငွေ့ဘူးလား။ "

" မင်းဖြစ်နေလို့လေ။ တခြားသူတွေနဲ့ဆို ငြီးငွေ့မှာ ကျိန်းသေပဲ။ မင်းဖြစ်နေလို့ ပိစိလေးတောင် မငြီးငွေ့ဘူး။ "

" အိုဂျေးက စကားတွေတတ်လိုက်တာ။ "

သဘောကျသွားတဲ့ သူက တခစ်ခစ်ရယ်တော့ ဆူပုတ်နေသည့် ဂျေးလည်း မပြုံးဘဲမနေနိုင်တော့ပါ။ အနှီလူသား၏အပြုံးတွေကို ဂျေး သိပ်သဘောကျသည်။ အေးချမ်းပြီး ကြည်လင်နေတဲ့ မျက်နှာလှလှလေးထက် အပြုံးတွေနဲ့ နှိုင်းယှဉ်ရန် စကားလုံးတွေတောင် ရှိပါ့မလား။ ဖြူ စင်လွန်းတဲ့ ဤလူသားက ဂျေးအတွက် ဘုရားသခင် ချီးမြှင့်တဲ့ ကောင်းချီးပေါ့။

" မင်းက မပင်ပန်းပေမဲ့ ငါကတော့ ပျင်းတယ်။ လူတစ်ယောက်တည်းနဲ့ အမြဲတမ်း တွေ့နေရတာ ပျင်းဖို့ သိပ်ကောင်းတာပဲ။ သွားပြီ။ "

ပြောချင်ရာပြောပြီး၊ လုပ်ချင်ရာလုပ်သွားတဲ့ သူကြောင့် ပြန်ပြောဖို့ စကားလုံးတွေတောင် ရှာမရခဲ့။

𝖣𝗂𝗆𝗉𝗅𝖾'𝗌 @𝗝𝗮𝘆𝘄𝗼𝗻Where stories live. Discover now