အပိုင်း ၁ (Z/U)

Start from the beginning
                                    

"ဆိုစမ်းပါအုံး မင်းတို့က ငါဘာသာဘာလုပ်လုပ်မင်းတို့အပူပါလား"

သုံးကောင်ထဲက မမတိုးကို ဉီးပေါက်စီနဲ့တွေ့တယ်လို့ပြောတဲ့ ကျော်ကြီးက မမတို့ကိုရွံရှာသလိုကြည့်ကာ ပြောဆိုလာသည်။

"အော်တွေ့လို့တွေ့တယ် ပြောတာလေ အခြောက်မက လူတကာနဲ့ပတ်အိပ်နေတာလူတိုင်းသိတယ်"

ထိုအခါ မမတိုးက ကျော်ကြီးကိုကြည့်ကာတစ်ချက်ရယ်လိုက်၍ပြောလေသည်။

"အေ အဲ့အခြောက်မက ဘာလုပ်လုပ် မင်းစောက်ကြောင်းမပါဘူးလေ ငါ့ကိုပြောရအောင် မင်းအိမ်က ထမင်း ငါစားနေလို့လား ဘာလဲ မင်းကပါ ငါနဲ့အိပ်ချင်လို့လား"

မမတိုးက ထိုသို့ပြောလိုက်တော့ ကျော်ကြီးတစ်ယောက်ကဒေါသထွက်သွားကာ မမတိုးကိုအော်ပြောလေသည်။

"အခြောက်မကများ ရာရာစစ နင်လို့အခြောက်နဲ့များ ငါကအိပ်ချင်နေတယ်များ ထင်နေလား ရွံဖို့ကောင်းလိုက်တာ ထွီး"

ကိုကျော်ကြီးက ထိုသို့ပြောရင်း ပါးစပ်ထဲက တထွေးတွေကိုရွံရှာသလိုနဲ့ ဘေးသို့ထွေးထုတ်လိုက်လေသသည်။ထိုသို့ပြောတော့မမတိုးက ငြိမ်ခံနေမည်လား။မထင်ပါနဲ့ မမတိုးကလည်း မာနနဲ့လူတစ်ယောက်ဖြစ်သည်။သူချစ်တဲ့သူတွေကိုနူးညံ့ကြင်နာသလောက် သူနဲ့မလိုမုန်းထားရှိတဲ့သူတွေကြတော့ နူးညံ့ကြင်နာမှုမရှိ မြေခွေးလေးလို့ဖြစ်သွားတဲ့ မမတိုးဖြစ်ပါသည်။

"အယ်မလေးဟယ် မင်းကပဲပြောရတယ်ရှိသေးတယ် ငါဆိုတဲ့အခြောက်ကလဲ လူတွေထဲကလူပါပဲ တခြားသူတွေတောင် သူတို့အကြိုက်သူတို့ရှိသေးတာ ငါလည်း ငါ့အကြိုက်နဲ့ငါပါ နင်တို့လို ရွာရိုးကိုးပေါက်လျောက်သွား အလုပ်မရှိအကိုင်မရှိ ၁၀၉ ၁၁၀ လူကိုငါလဲ မကြိုက်ပေါင်းပါနော် မင်းနဲ့ အိပ်ဖို့တောင်ကိုယ့်ကိုယ် ကို သနတယ်"

မမတိုးက ထို့သို့ပြောလိုက်တော့ ကျော်ကြီးက ဒေါသထွက်သွားကာမမတိုးကိုထိုးရန် ရှေ့သို့တိုးပြီး လက်ကိုရွယ်ရန်ကျန်နေစဉ် ကျော်ကြီးရဲ့ မျက်နှာတစ်ဖက်စောင်းသွားလေသည်။နှစ်စက္ကန့်လောက်နေတော့ ကျော်ကြီးရဲ့ပါး​ပေါ် မမတိုးရဲ့ လက်ငါးချောင်းအရာကြီးပေါ်လာလေသည်။မမတိုးက ကျော်ကြီးထက်အရင် ပါးချလိုက်ခြင်းဖြစ်သည်။မမတိုးက ပါးချခံလိုက်ရ၍ကြောင်နေသော ကျော်ကြီးကိုကြည့်ကာ အားထည့်ကာ ရိုက်လိုက်ရ၍နာသွားသောလက်ကိုခါပြီ ပြောလိုက်လေသည်။

ဖြူလွှနှင်းဆီချစ်၏ သို့သော်.......Where stories live. Discover now