𝐎𝐡, 𝐉𝐞𝐬𝐮𝐬 !

Magsimula sa umpisa
                                    

ဂျေးစိတ်ထဲ ဝမ်းနည်းမှုတို့ ကြီးစိုးလာသည်။ သူ့ကြောင့် မိုက်ကီ နေမကောင်းဖြစ်ရတာ။ သူသာ ဘာအစီအစဉ်မှ မရှိဘဲ သည်ကိုလာပြီး သည်မှာ ညမအိပ်မိသွားလျှင် မိုက်ကီ အခုလိုဖြစ်မှာမဟုတ်ဘူး။ မိုက်ကီက အအေးဒဏ်ကို ခံနိုင်တဲ့ ကောင်ကြီး ဖြစ်နေတာကြောင့် အသက်မသေသွားတာပဲ ကျေးဇူးတင်ရမည်။ သူ့ကြောင့် မိုက်ကီသာ တစ်ခုခုဖြစ်သွားလျှင် သူ့ကိုယ်သူ ခွင့်လွှတ်နိုင်လိမ့်မည်မဟုတ်ပါ။

" * ဘလဒ်ကာ့စ် *ကြောင့်များလား မသိဘူးနော် မစ္စတာဝါ့ကာ။ "

" တိတ်တိတ်နေ လူကာ "

ြ်မင်းလှည်းအတွင်းပိုင်း၏မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ အိုဂျေးကို ဂျိမ်းစ် အကဲခတ်ကြည့်လိုက်တော့ ထူးထူးခြားခြား ပြုမူတာမရှိ။ မျက်လုံးတွေကို မှိတ်ထားပြီး ငြိမ်သက်နေလွန်းသည်။

" မိုက်ကီက အားပြင်းတဲ့ကောင်ကြီးမလို့ အရမ်းလည်း စိတ်ပူမနေပါနဲ့ သခင်လေး။ "

မျက်လုံးတွေကို မှိတ်ထားရင်းနဲ့ပဲ ဂျေးက ခေါင်းညိတ်ပြလာသည်။ နောက်တစ်ခါတော့ သည်လို အမှားမျိုး လုပ်လို့မဖြစ်တော့ဘူး။ မိုက်ကီကို ဒုက္ခရောက်အောင် မလုပ်သင့်ဘူး။

~°~°~

" လူကာ့ကို ထည့်ပေးလိုက်ရမလား သခင်လေး ? "

တစ်ပတ်ကြာပြီးနောက် အခန်းထဲမှ အိတ်တစ်လုံးနဲ့အတူ ထွက်လာတဲ့ သခင်လေးက ခေါင်းခါပြသည်။ အခန်းအောင်းလို့ ဝသွားသည် ထင်၏။ သည်တစ်ခေါက်တော့ မိုက်ကီက အိမ်တော်မှာပဲ နေခဲ့လိမ့်မည်။ သခင်လေးက သူ့ကို ခေါ်သွားတော့မှာ မဟုတ်ဘူး။ သူတစ်ယောက်တည်း သွားဖို့ပြင်နေတာကြောင့် စိတ်ပူမိသည်။

" အော်ရိုရာတွေဆီ သွားဦးမလို့လား သခင်လေး ? "

" မသွားပါဘူး။ တခြားနေရာကို သွားမလို့။ "

" အာ ... ဟုတ်ကဲ့။ "

ဂျိမ်းစ်အနေနဲ့ ထပ်မမေးသင့်တော့တာကြောင့် ရပ်လိုက်မိသည်။ အိမ်ထိန်းတစ်ယောက်အနေနဲ့ အဆင့်မကျော်သင့်ဘူးဆိုတဲ့ အတွေးဟာ သူ့ခေါင်းထဲမှာ အချိန်ပြည့်ရှိနေသည်။

𝖣𝗂𝗆𝗉𝗅𝖾'𝗌 @𝗝𝗮𝘆𝘄𝗼𝗻Tahanan ng mga kuwento. Tumuklas ngayon