𝐖𝐡𝐞𝐫𝐞 𝐚𝐫𝐞 𝐭𝐡𝐞 𝐀𝐝𝐝𝐢𝐜𝐭𝐢𝐨𝐧𝐬 𝐒𝐭𝐚𝐫𝐭?

Start from the beginning
                                    

~°~°~

" ကျွန်တော်ပါ သခင်လေး။ ညစာစားဖို့အတွက် အဆင်သင့် ဖြစ်နေပါပြီဆိုတဲ့အကြောင်း လာပြောတာပါ။ "

တံခါးကို သုံးချက်ဆင့်ခေါက်ကာ ပြောလိုက်သော်လည်း အထဲမှ အသံပြန်လာခြင်း မရှိပေ။ လူမရှိတဲ့ အခန်းလိုမျိုး အပ်ကျသံတောင် မကြားရ။

" သခင်လေး သခင်လေး "

ဘယ်လောက် ခေါ်နေပါစေ။ လုံးဝ ပြန်သံမလာတာကြောင့် နောက်ဆုံးနည်းလမ်းဖြစ်တဲ့ သော့အပိုတစ်ချောင်းကို အိတ်ကပ်ထဲမှ ထုတ်လိုက်မိသည်။ စည်းကျော်တယ်ဆိုပြီး အပြစ်ပေးချင်လည်း ပေးပါစေ။ သခင်လေးကို မမြင်ရမချင်း စိတ်အေးနိုင်မှာမဟုတ်ဘူး။

" သခင်လေး "

မထင်မှတ်ထားတဲ့ မြင်ကွင်းကြောင့် ပြောစရာစကားတို့က ပျောက်ရှသွားရသည်။ တံခါးဖွင့်လိုက်တဲ့အခါ သည်လို မြင်တွေ့ရမယ်လို့ မထင်မိခဲ့ပါ။ အခန်းမီးကို အမှောင်ချပြီး နံရံမှာ ကုပ်ကုပ်လေး ထိုင်နေတဲ့ သခင်လေးရယ်။ ဝမ်းနည်းကြေကွဲနေတာတောင်မှ ဘာကြောင့် လူသိမခံချင်ရတာလဲ။

" သခင်လေးရယ် "

ဒူးနှစ်ဖက်ကြား ငိုက်စိုက်ချထားတဲ့ မျက်နှာလေးက တဖြည်းဖြည်း မော့လာတော့ ကြေကွဲနေတဲ့ မျက်လုံးလေးတွေက သနားစရာအတိ။

အိုကွယ် ~

" ကျွန်တော် ဒီကို ဘာလို့နောက်တစ်ကြိမ် ပြန်လာရတယ်ဆိုတာ သိတယ်မလား။ "

" သိပါတယ်၊ သခင်လေး။ "

ကွဲအက်နေတဲ့ အသံတို့က ဘယ်လောက်ထိ ပြိုလဲခြင်းကို မဖုံးနိုင်။ ဆယ်ကျော်သက် ကလေးရယ် ကြေကွဲပူဆွေးခြင်းတွေက ဤလူသားနဲ့မထိုက်တန်ပါဘူး။ အပြစ်တင်လို့လည်း မရပါဘူး။

" ညစာစားလို့ရပါပြီ သခင်လေး။ ညစာတော့ လာစားလိုက်ပါ။ "

" တစ်ညလောက် မစားလို့ သေမသွားပါဘူး။ ရင်ဘတ်ထဲကလည်း သေလောက်အောင် မနာကျင်ရပါဘူး။ "

ပြောချင်ရာပြောပြီးနောက် ခြောက်ကပ်စွာ ပေါ်ထွက်လာတဲ့ ရယ်သံ။ လူပျိုဖြစ်ခါစမို့ အသံသြသြရှရှက နားထောင်ကောင်းနေပေမဲ့ ဝမ်းနည်းပူဆွေးမှုတို့ကို အရှင်းသား ကြားနေရတာကြောင့် ကြားရသူအဖို့ပါ နာကျင်မိသည်။

𝖣𝗂𝗆𝗉𝗅𝖾'𝗌 @𝗝𝗮𝘆𝘄𝗼𝗻Where stories live. Discover now