အချပ်ပို (၅) အပိုင်း (၂)-ထာဝရထိတိုင်အောင်မင်းကိုချစ်သွားမယ်

Bắt đầu từ đầu
                                    

သူပျောက်သွားခဲ့တဲ့၆နှစ်တာ၌ ကိုခန့်တစ်ယောက်ဘယ်လိုဖြတ်သန်းခဲ့ရလဲဆိုတာကိုသူသိပြီးခဲ့တဲ့အချိန်မှာ'တောင်းပန်ပါတယ်'ဆိုတဲ့စကားတစ်ခွန်းတောင်သူပြောမထွက်နိုင်ခဲ့ပေ။

ထိုစကားတစ်ခွန်းက သူ့ကိုအချိန်အကြာကြီးစောင့်ဆိုင်းခဲ့ရတဲ့ချစ်ရသူ၏နက်နဲစူးနစ်လှတဲ့ခံစားချက်တို့အပေါ် ဝတ်ကျေတန်းကျေတုံ့ပြန်သည့်သဘောသက်ရောက်မည်စိုးတာကြောင့် ကိုခန့်သူ့ကိုလိုချင်သည်ဖြစ်စေမလိုချင်သည်ဖြစ်စေထိုလူအနီးနားမှာမခွဲမခွာစတမ်းတစ်သက်လုံးနေထိုင်သွားပြီး သူ့ကြောင့်အကျည်းတန်စွာကုန်ဆုံးခဲ့ရတဲ့ထိုအချိန်တွေကိုပြန်လျော်ပေးဖို့အတွက်သူတိတ်တခိုးဆုံးဖြတ်ချက်ချခဲ့သည်။

အမြဲတမ်းနေမင်းတစ်စင်းလိုလင်းလက်တောက်ပနေပြီး သူ၏ဝါသနာတွေအတွက်ခိုင်မြဲပြတ်သားစွာလျှောက်လှမ်းနေတဲ့လူတစ်ယောက်က သူဆိုတဲ့ဘာမဟုတ်တဲ့လူတစ်ယောက်အတွက်နဲ့ သူလိုချင်မြတ်နိုးရပါတဲ့ဝါသနာနဲ့အနာဂတ်တို့ကို တစ်ချက်ကလေးမှတွန့်ဆုတ်မနေဘဲစွန့်လွှတ်ပစ်ခဲ့တယ်တဲ့လေ....

ကိုခန့်ကသိပ်ရူးမိုက်လွန်းတာပဲလို့မျက်ရည်တွေနဲ့သူပြောလိုက်တော့ ထိုလူသားကလည်းမျက်ရည်တွေပြည့်နှက်နေတဲ့မျက်ဝန်းတွေနဲ့
'ကိုယ်ကတကယ်တော့သိပ်ချစ်တတ်တာပါ'လို့ပြန်ဖြေလာခဲ့လေတယ်။

မနေ့ကကိုခန့်ပြောတဲ့စကားကိုကြားလိုက်ရတုန်းကသူစိတ်မကောင်းဖြစ်မိတာကိုဝန်ခံရပေမယ့်သူ ဒီလူသားအပေါ်လုံးဝအပြစ်မတင်မိပေ။

သူကျနော့်ကိုလက်မထပ်တာနဲ့ဘဲကျနော့်ကိုမချစ်ပါဘူးလို့မဆိုလိုဘူးလေ..
ကိုခန့်ကကျနော့်ကိုသိပ်ချစ်တယ်ဆိုတာ ကျနော်သိပ်သိတာပေါ့...
တကယ်တော့ကျနော်တို့၂ယောက်အတွက်လက်ထပ်ပွဲတွေကတိကဝတ်ပြုတာတွေမလိုအပ်ပါဘူး...ကျနော်တို့လက်တွေမလွှတ်စတမ်းဆုပ်ကိုင်ထားရုံနဲ့တင်လုံလောက်နေပါပြီ ....

တအီအီနဲ့လှိမ့်နေတဲ့ကားဘီးတွေက နောက်ဆုံးမှတ်တိုင်အရောက်မှာတော့ မပြောင်းမလဲအဆုံးသတ်သွားရစမြဲပင်။

ထိုအခါမှမင်းခန့်ထည်ကနိုးလာပြီးသူ၏မျက်ဝန်းတွေကိုမှေးကျဥ်းလိုက်ကာပြတင်းအပြင်ဘက်ကိုလှမ်းကြည့်လိုက်တဲ့အခါ ဆေးအဝါရောင်သုတ်ထားတဲ့တံတိုင်းကြီးကိုလှမ်းမြင်လိုက်ရလေသည်။

HE=MY FIRST LOVE [ကိုယ့်အချစ်ဦး ](Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ