အချပ်ပို (၄) - လျှို့ဝှက်ချက်လေးတစ်ခု

Start from the beginning
                                    

သူ၏မိဘတွေကတိုင်းတစ်ပါးခြားမှာဖြစ်ပြီးအခုသူရှင်သန်နေရတဲ့နေရာဟာဝေးကွာလွန်းစွာသူစိမ်းဆန်လှကာ ကြေကွဲဆို့နစ်စရာကောင်းသည်။ သူတစ်ချိန်ချိန်တော့ထိုမြေပေါ်ကိုခြေချရပ်တည်ချင်လေသည်။ဖေဖေနဲ့မေမေတို့အိပ်စက်နားခိုနေတဲ့ထိုမြေမှာ လှပနွေးထွေးနေမှာအသေအချာပင်။  

အကယ်၍ထိုနေရာသို့သာ သူထွက်ခွာသွားလိုက်ရင် ဒီနာကျင်မှုဒဏ်ရာတွေဆီကနေလွတ်မြောက်ကောင်းလွတ်မြောက်နိုင်လိမ့်မည်ဟု ကောင်လေးရဲ့ဦးနှောက်သေးသေးလေးကမျက်ဝန်းတောက်တောက်ကလေးတွေနဲ့တွေးနေရင်း လက်ချောင်းသေးသေးလေးတွေနဲ့ခရီးသွားမှတ်တမ်းလေးတစ်ပုဒ်ကိုတိုးတိုးတိတ်တိတ်ဖန်တီးနေခဲ့ရှာလေသည်။

ထိုခရီးသွားမှတ်စုလေးအဆုံးမသတ်မီ တစ်ခုသောဆောင်းရာသီအလယ်တွင်နှင်းတွေကအဆက်မပြတ်ကျနေခဲ့ပြီးနှင်းထုနှင်းခဲကြီးတွေကကားလမ်းမပေါ်မှာပါပိတ်ခဲနေခဲ့လေသည်။အိမ်ခေါင်မိုးတိုင်းလိုလိုမှာ ဖြူလွလွနှင်းထုတို့ကကိတ်သား Creamတစ်ခုလိုပဲအပုံလိုက်ကြီးတင်ကျန်နေခဲ့ကြပြီးရေခဲမှတ်သဖွယ်အေးခဲနေသည့်ထိုရာသီ၌ဘယ်သူကမှအရဲစွန့်ပြီးအပြင်မထွက်ချင်ကြပေ။

အိမ်အပြင်ဘက်ရှိအပူချိန်ဟာဆိုရင်တစ်ဒီဂရီပြီးတစ်ဂရီကျဆင်းလာတာမို့အိမ်အတွင်းဘက်ရှိမီးလင်းဖိုလေးဘေးနားမှာအသီးသီးမီးလှုံကြပြီးခန္ဓာကိုယ်ကိုနွေးထွေးအောင်အပူပေးကြရသည်။

ချမ်းအေးလှတဲ့ဆောင်းရာသီမနက်ခင်းတစ်ခုတွင် အခန်းတွင်းရှိအပူပေးစက်ကတောင်မခုခံနိုင်တော့တဲ့အချမ်းဓာတ်ကြောင့် ပိန်ပိန်ပါးပါးနဲ့ကောင်လေးဟာအိမ်မက်နယ်ပယ်ထဲကနေစောစောနိုးလာခဲ့ရကာ အိမ်အပေါ်ထပ်ကနေအိပ်ချင်မူးတူးနှင့်လေးတိလေးကန်ဆင်းလာပြီးနောက် မီးလင်းဖိုလေးထဲမှာသစ်သားတစ်ချို့မီးတောက်နေသည်ကိုတွေ့တော့ သူထိုအနားသို့ခြေလှမ်းဖွဖွကလေးနဲ့လျှောက်သွားလိုက်လေသည်။

ထိုမီးလင်းဖိုလေးနားသို့ရောက်သွားလေသော်အရောင်လွင့်ပြယ်နေပြီဖြစ်တဲ့အညိုရောင်ဆိုဖာအဟောင်းကြီးပေါ်မှာမျက်လုံးနှစ်ဖက်ကိုမှိတ်စင်းထားရင်းအငြိမ်သက်ကြီးငြိမ်သက်နေရှာသောဦးလေးဖြစ်သူကိုတွေ့လိုက်ရလေ၏။

HE=MY FIRST LOVE [ကိုယ့်အချစ်ဦး ](Completed)Where stories live. Discover now