"ဟုတ်လား။ လက်ဝှေ့ကို ကြိုက်တယ်ပေါ့?"

ထိုကောင်လေးသည် ချောမောပြီး သန်မာခန့်ညားသည့် ရှောက်ယယ်ကို တစ်ချက်ကြည့်ကာ တိတ်တိတ်ကလေး ခေါင်းညိတ်လိုက်သည်။

ယဲ့ထင်၏ နှုတ်ခမ်းက ကွေးသွားပြီး လေးလံသော လက်အိတ်၏ ထိပ်ဖျားများက မျက်နှာချင်းဆိုင် ထိခတ်သွားကြကာ သရော်ပြုံး ပြုံးလိုက်ရင်း

"သိပ်ကောင်းတာပေါ့။ လက်ဝှေ့ကြိုက်တယ်ဆိုမှတော့ ငါမင်းကို နှစ်ကွက်လောက် သင်ပေးမယ်လေ။ လာ၊ လက်ခံကြည့် 1,-4,,,တစ်,တစ်"

(ဒါက လက်ဝှေ့အကွက် တိုင်ပင်ခေါ်တာလား ဘာလားပဲ)

"ငါ့ရဲ့လက်သီးကို ခံစားကြည့်လိုက်"

သူသည် ဝိုက်လက်သီး တစ်လုံး ပင့်မြှောက်လိုက်ပြီး ထိုးထည့်လိုက်သည်။

ထိုကောင်လေးသည် လန့်ဖြန့်သွား၍ မျက်နှာမှာ စက္ကန့်ပိုင်းအတွင်း ဖြူဖျော့သွားပြီး ဆက်တိုက်ဆိုသလို နောက်ဆုတ်နေရင်း ​ခြေထောက်အောက်မှ တစ်စုံတစ်ခုနှင့် တိုက်မိသွားကာ ရှက်စရာကောင်းလှစွာ ဖင်ထိုင်ရက် ပြုတ်ကျသွားသည်။

ရှောက်ယယ်က မျက်မှောင်ကြုတ်လိုက်ပြီး ထိုကောင်လေး၏ မေးစေ့ကို ပင့်မြှောက်လိုက်ကာ

"မင်းထွက်သွားတော့"

ထိုကောင်လေးသည် မတ်တတ်ထပြီး တင်ပါးကို ပုတ်ခါလိုက်ကာ ကမန်းကတန်း ပြေးထွက်သွားတော့သည်။

ရှောက်ယယ်က လည်ပင်းပေါ်တွင် မျက်နှာသုတ်ပဝါကို တင်လိုက်ပြီး ရေဘူးအဖုံးကို အသေညှစ်ပိတ်လိုက်ကာ

"သူက မင်းကို မျက်နှာချို သွေးနေရုံလေးကို၊ မင်းက အဲ့လောက်စ,ပြီး ဘာလုပ်လိုက်တာလဲ"

ယဲ့ထင်သည် ကြိုးဝိုင်းထဲသို့ တက်လာပြီး

"သူ့ကို ကြည့်ရတာ ထောင့်မကျိုးလို့....ဘာလဲ။ ကျောက်ရှန့်ဟိုင်နဲ့ ခုနစ်နှစ်တောင် ဖြတ်သန်းပြီးပြီဆိုတော့ နောက်ဆုံးတော့ ငြီးငွေ့သွားပြီပေါ့။ အပြင်မှာ အသစ်အဆန်းလေးတွေ မြည်းကြည့်ချင်နေပြီ?"

"မဟုတ်ပါဘူး"

ရှောက်ယယ်သည်လည်း ကြိုးစင်ထက်သို့ ခုန်တက်လာပြီး

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now