အကိုဟီဆွန်း?? ကို သိတယ်ဆိုတော့ ဒါက ဟွန်းလား??

စိတ်လှုပ်ရှားလို့ မဖြစ်လို့ ကိူယ့်ရဲ့စိတ်ကို တည်ငြိမ်အောင်ပြန်ထားပြီး ဆောင်းဟွန်းရဲပ အမေးကို ပြန်ဖြေလိုက်သည်။

" အင်း စောင့်ရှောက်ပေးတယ် ပြီးတော့......... "

ဂျေး ဒီစကားကို ပြောသင့်မပြောသင့်စဉ်းစားနေမိသည်။

အခု သူ့ရှေ့မှာရောက်နေတဲ့ သူက ဆောင်းဟွန်းလား ဟွန်းလား သူမသိ။

ဒီအကြောင်းက်ုပြောလိုက်ရင် ဆောင်းဟွန်းက ဒုက္ခလိုက်ပေးမှာကို ကြောက်မိသည်။

" ဟင် ဘာလဲ ဆက်ပြောလေ "

နူးညံ့တဲ့ အကြည့်တွေနဲ့ ကြည့်လာပြီး ဂျေးရဲ့ ဆံနွယ်လေးတွေကို ဖွဖွလေးထိနေသည့် သူ့ရြ့ပုံစံကို ကြည့်ရတာ ဟွန်းဖြစ်နိုင်တယ်။

ဟုတ်တယ်မဟုတ်လား။ အရင်က ငါ့ရဲ့ဟွန်း။ ဆိုးတဲ့ကောင်လေးဆိုပေမယ့် သူများနဲ့မတူ တဲ့အကြည့်မျိုး... အင်း.. အခုလို ကြည့်ခံနေရတဲ့ အကြည့်မျိုးနဲ့အကြည့်ပေးတယ်မဟုတ်လား။ နာကျင်မှုတွေပေးခဲ့ပေမယ့်ပေါ့

" ငါ.. ငါ မပြောနိုင်ဘုး.. "

" ဘာကိစ္စ မလို့လဲ ရပါတယ် ငါနားထောင်ပေးမယ် ပြော"

" ဟို... ငါက အကိုဟီဆွန်းနဲ့ ဒီနှစ်ကုန်ရင် လက်ထပ်တော့မှာ "

" အင်း.. အဲ့အကြောင်းက ဘာဖြစ်လို့ "

အံ့ဩသည့် ပုံစံမပြဘဲ ဒီတိုင်း အေးဆေးသာ ပြန်ဖြေနေသည့် ဟွန်းကြောင့်  ခါတိုင်းထက်ပိုပြီး လန့်နေပြန်သည်။

" သိတယ်လေ မင်း ငါတို့ကို ဖိတ်စာတွေတောင် ပြပြီးလေ "

အာ.. သူဒါကို မေ့သွားတာဘဲ၊ ဖိတ်စာဒီဇိုင်ကို ဆောင်းဟွန်းကို ရွေးခိုင်းခဲ့တာ မေ့သွားတာဘဲ။

" အော် ဟုတ်သားပဲ "

" မင်း ဘာဖြစ်နေတာလဲ ငါနဲ့ တူတူနေရတာ မကြိုက်လို့လား မကြိုက်ရင် သွားလေ ငါဆွဲမထားပါဘူး ဒီတိုင်း ငါက မင်းရဲ့ မျက်နှာလေးကို မြင်ချင်ယုံလေးဘဲ "

ဂျေးရဲ့ မျက်နှာကို အုပ်ကိုင်ကာ ပါးလေးတွေကို ဖွဖွလေးပွတ်ပေးနေသည့် ‌ဆောင်းဟွန်းရဲ့ သူ့ရဲ့ဟွန်းဆိုတာ အသေအချာဘဲ။

M.I.N.EWhere stories live. Discover now