" ဟမ်!!! ငါမလိုက်နိုင်ဘူး၊ အမေ့ကိုတစ်ယောက်ထဲ မထားခဲ့နိုင်ဘူး "

" လိုက်ကို လိုက်ရမယ် မင်းအမေအနားမှာ မင်းထက် ကိုယ်ခံပညာတက်တဲ့ သက်တော်စောင့်တွေ ရှိတယ် ဆိုတာမေ့နေတာလား "

ဟုတ်လည်းဟုတ်တယ် သူမရှိလည်း အမေ့ကို ကာကွယ်မယ့်သူတွေက ရှိနေမှာ။

" အခု သွားမယ် လာခဲ့ "

ပထမကတော့ ရေချိုးဖို့ အခန်းထဲ ဝင်လာခဲ့ပေမယ့် အခုတော့ ဘယ်အချိန်ထဲက ထည့်ထားမှန်းမသိတဲ့ luggage ကို လက်တစ်ဖက်ကဆွဲကာ နောက်တစ်ဖက်က သူ့ရဲ့လက်ကို ဆွဲပြီး အိမ်‌ေအောက်ထက်ကို ဆွဲခေါ်ချင်းခံလိုက်ရသည်။

" သားတို့ ဘယ်သွားမလို့တုန်း အလောတကြီး "

" သား ဂျေးကို ခေါ်သွားတော့မလို့ "

" အမလေး နေပါအုန်း ညစာလေးစားသွားပါနဲ့ အမေနဲ့ မခွဲခင်လေး တော်တော်ဖြစ် အေးဆေးသွားလို့ရတဲ့ဟာကို "

" ဟဲဟဲ အလျင်လိုနေလို့ပါ "

သွား ၃၂ချောင်းလုံးဖြီးပြနေသည့် ဆောင်းဟွန်းကို ဂျေး ဆွဲထိုးချင်နေတာအမှန်။














ထမင်းဝိုင်းကျတော့လည်း ဂျေးမှာတစ်ယောက်ထဲ ကမ္ဘာဖြစ်နေပြီး အမေနဲ့ ဆောင်းဟွန်းနဲ့က စကားတွေပြောနေလိုက်တာဆိုတာ ကိုယ့်သားအရင်းကိုတောင်မေ့တဲ့အထိ။

အလုပ်မှာကတော့ အဆင်မပြေမရှိပေမယ့် သူ လက်ထပ်စာချုပ်ဆိုတဲ့ ဟာမှာ ဘယ်လို လက်မှတ်ထိုးလိုက်မိတာလဲ ဆိုတာ သူ့ကိုယ်သူလည်း မစဉ်းစားနိုင်ဖြစ်နေသည်။ မနက်က စာရွက်တွေစာချုပ်တွေ အကုန်လုံးကို တစ်ခုချင်း ဖတ်ပြီး လက်မှတ် ထိုးပေးခဲ့တာ လက်ထပ်စာချုပ်နဲ့ ကုမ္ပဏီက လုပ်ငန်းစာချုပ်တွေက တစ်ခြားဆီ သူသတိထားမိမှာဘဲ ။

" ကျွန်တော်တို့ စားလို့ပြီးပါပြီ ဗိုက်တင်းသွားပြီ အဲ့တာဆို ဂျေးကို ခေါ်သွားပြီနော် အမေ "

" ခေါ်သွား ခေါ်သွား "

ဆောင်းဟွန်းက သူစားလိူ့ပြီးသွားတာနဲ့ ဂျေးကို ဆွဲပြီး အိမ်ထဲက ထွက်လာပြီး သူတို့ အရင်က နေခဲ့တဲ့ ကွန်ဒိုသို့ သွားသည်။

M.I.N.EWhere stories live. Discover now