" ဒီကောင်လေးက ဒီအိမ်ရဲ့မိသားစု၀င်မှမဟုတ်တာ သူ့ဘာသာသူ အလုပ်သမားတွေနေတဲ့ အခန်းထဲမှာနေလို့ရတာပဲလေ ကိုကို "

" ရပါတယ်ဗျ ကျတော်အောက်ထပ်မှာပဲသွားနေပါ့မယ် "

ကြား၀င်ဖြတ်ပီး စကားဖြတ်ပြောလိုက်တဲ့ လွန်းကို ဟန်နရီမျက်မှောင်ကြုံ့ကာ စိုက်ကြည့်လိုက်သည်

" လွန်း ဘာမှမသိရင်၀င်မပါနဲ့ "

" ကျတော်အဆင်ပြေပါတယ် ဒီကအစ်မကိုသာ ဦးစားပေးလိုက်ပါ "

" လွန်းတာနေဆန်း!!!! မင်း ငါ့စိတ်ကိုစမ်းနေတာလား ပါးစပ်ပိတ်ပီး ငြိမ်ငြိမ်လေးနေ "

" မင်းကအခုမှရောက်လာတဲ့ ဧည့်သည်ဆိုတာမမေ့နဲ့ အမ်မလီ...လွန်းလွန်းက ဒီအခန်းကနေဖယ်ပေးစရာအကြောင်းမရှိဘူး "

" သား !!!"

အနောက်ကနေ ရုတ်တရက်လှမ်းခေါ်လိုက်တဲ့ဒေါ်ဆရီနာကြောင့် ဟန်နရီစိတ်ပိုရှုပ်သွားသည် ..အခုအခြေအနေက အများနဲ့တယောက် စကားနိုင်လုနေရသလိုဖြစ်နေပီလား?

" မာမီကိုယ်တိုင် ခွင့်ပြုပေးလိုက်တာသား...လွန်းလွန်းက အောက်ထပ်မှာသွားနေလို့ရတယ် "

" မရဘူး ကျတော်ခွင့်မပြုနိုင်ဘူး "

" ဟန်နရီ !! သားမာမီ့ကို စိတ်ဆင်းရဲအောင်လုပ်နေတာလား "

" ကြီးကြီးပြောတာကို လက်ခံလိုက်ပါ ကျတော်အောက်မှာပဲသွားနေပါ့မယ် "

အခြေအနေအရ အများနဲ့တယောက်ဖြစ်နေတာကြောင့် ဟန်နရီခဏငြိမ်သက်သွားသည်..တခုခုကိုစဥ်းစားနေပုံပေါက်ပေမဲ့ မျက်၀န်းတွေကတော့ အေးစက်စက်ပင်....

" ကောင်းပီလေ လွန်းတာနေဆန်းက ဒီအခန်းနဲ့မတန်ဘူး အဲ့တော့ဒီအခန်းမှာ မင်းနေလိုက်အမ်မလီ "

လိုချင်တဲ့အဖြေရသွားတာကြောင့် အမ်မလီမျက်နှာမှာတော့ သဘောကျမှုအပြည့်ပင်..ဒါ့အပြင် လွန်းတာနေဆန်းဆိုတဲ့ကောင်လေးကို အနိုင်ရလိုက်တာကြောင့် ပို၍ကျေနပ်သွားသည်

" အဲ့တော့ မင်းဒီညကစပီးတော့ အောက်ထပ်မှာပဲနေလိုက်တော့ ကောင်လေး "

HANARY(S1+S2) Where stories live. Discover now