" ရှေ့ရေးတွေတွေးပြီး.....''

" ဘာရှေ့ရေးလဲ... သွား..လျှောက်မပြောနဲ့ အပိုတွေ..''

" လီမုရုံနဲ့ ပေးစားမယ်လေ အားဖေးရာ''

" လီမုရုံနဲ့... အဟင်း..မဆိုးပါဘူး ''

လေသံပြောင်းသွားတဲ့ မော့ယွဲ့ဖေးအား ရိပေါ်က ပါးတွေပင်ရွဲ့မတတ် မျက်စောင်းထိုးပစ်လိုက်သည်။

" ကဲ..ငါသွားတော့မယ် ကျန့်လေးက ငါမရှိလို့မဖြစ်ဘူး..သိတယ်မလား အဟင်း ''

" ကြွ..ကြွ..''

ရိပေါ်ထွက်သွားမှ Kitty က လီမုရုံဆီ ခဏလေးသွားကြည့်ဖို့ ဆုံးဖြတ်သည်။

ခဏလေးပါ တကယ် ခဏလေးပဲ ။
အဟင်း...။ ဒီကမ္ဘာက ငါလေးလုပ်စရာမရှိ၊ အလုပ်လက်မဲ့ဖြစ်နေတာဆိုတော့ Crush လေးအနားမှာနေသင့်တယ်လေ ဟုတ်တယ်မလား ။ အစ်ကိုရိပေါ်တို့အနားမှာအခုချိန်သွားရင် Romance ဇာတ်ဝင်ခန်းတွေ ကြည့်နေရမှာလေ  အဆင်မပြေဘူး တကယ်အဆင်မပြေဘူး ။

Kitty ဟာ ကောင်းကင်ဘုံကို အလည်သွားပြီး မုရုံနန်းဆောင်ကို သွားခဲ့ပါတယ် ။

သူဟာ သွားရတာနဲ့ထိုက်တန်စွာ Crush လေးရေချိုးနေတာကို မိန့်မိန့်ကြီးပြုံးကာ ကြည့်နေခဲ့ရပါတယ်။ သူ့ရဲ့ တန်ခိုးနဲ့ လှပတဲ့ ပန်းချီကားလေးအသက်သွင်းဖို့လည်းမမေ့ခဲ့ပါဘူး။

.................

Adam က နိုးထလာတဲ့အချိန်မှာ ဘေးနားက အိပ်နေတဲ့ ချစ်သူရဲ့ မျက်နှာလေးကို မြင်လိုက်ရသည်။

ဆေးရုံဆေးခန်းဆိုတော့ ဆေးနံ့တထောင်းထောင်းနဲ့ မူးပြီးအိပ်ပျော်သွားတာဖြစ်မယ် လို့ တွေးလိုက်မိတော့ ချစ်သူအပေါ်မှာ အားနာစိတ်ကလေးဝင်သွားမိသည်။

" Adam နိုးပြီလား ကိုယ်အိပ်ပျော်သွားမိလို့ တောင်းပန်ပါတယ် ''

" ဟင့်အင်း အစ်ကိုလည်း ပင်ပန်းနေမှာပဲလေ၊ ကျွန်တော်က တောင်းပန်ရမှာပါ ''

" အာ မဟုတ်တာ ကိုယ်က ဒါတွေကိုပဲ ကျေနပ်နေတာ ''

" အစ်ကိုကလည်း.. ''

"Adam.. ရုတ်တရက် ဘာဖြစ်လို့ မေ့လဲသွားရတာလဲ? ဒေါက်တာက ပြောတာတော့ လန့်သွားတာတဲ့ ဘာမြင်လိုက်လို့လဲကွာ ''

Peculiarly System [Completed ]Where stories live. Discover now