xzကတော့အကြီးကြီးကျေနပ်သွားလို့ သူ့ပါးကိုအသံမြည်အောင်အကျယ်ကြီးနမ်းပစ်လိုက်တယ်။
ybကအဲ့လိုပဲ စကားပြောရင်ဘုကန့်လန့်နဲ့။ ပီးရင်လဲသူမလုပ်ပေးတါမဟုတ်ဘူး ဒါကိုတမင်သက်သက်အဲ့လိုကြီးအမြဲပြောသေးတာ။

မင်းတို့ပဲစဥ်းစားကြည့်! အဲ့လိုလူကိုသည်းခံပီးတွဲနေရတဲ့ငါ့ဘဝကြီးက ဘယ်လောက်တောင်သနားစရာကောင်းလိုက်လဲလို့လေ!

ybကတော့ နှုတ်ခမ်းထောင့်ကအလိုလိုတွန့်ကွေးသွားပီး

" မြန်မြန်လုပ် နောက်မကျစေနဲ့ ''

" ငါသိပါတယ် သွား! မင်းထွက်တော့ ငါအဝတ်တွေချွတ်တော့မှာ ''

" ဘာတွေရှက်နေတာလဲ မင်းကိုယ်မင်းလူပျိုပေါက်စလေးများထင်နေတာလား? မင်းတစ်ကိုယ်လုံးငါမြင်ဖူးပီးသား ''

" အိုက်ယား နှာဘူးကောင်! မင်းအဲ့လိုလုပ်ရင်ပိုတောင်နောက်ကျအုံးမှာနော် လစ်လိုက်စမ်းပါဟ! "

ထို့နောက်မှာတော့ xzတက်ချင်တဲ့သင်တန်းကိုရောက်လာကြတယ်။

ကားပေါ်ကဆင်းတော့ ybကမေးတယ်။

" မင်း သေချာလား? ပီးမှတလွဲမလုပ်နဲ့နော် ''

xzက ခိုင်ခိုင်မာမာဆုံးဖြတ်ချက်ချထားပီးသားဖြစ်နေပီ။

သူကတရုတ်ပြည်မှာအတော်ဆုံးစားဖိုမှူးဖြစ်ရတယ်ဆိုပီးတော့ပေါ့!

" ဘာတွေပြောနေတာလဲ ငါကငါ့ရည်မှန်းချက်ကိုပီးဆုံးအောင်လုပ်မှာ! ငါအောင်မြင်သွားမှမင်းသိလိမ့်မယ် လာ လာ နောက်ကျသွားရင်မလွယ်ဘူး ''

အလျင်စလိုထွက်မလို့ကြံပီးမှ xzရင်ဘတ်ကတင်းတင်းကြပ်ကြပ်ကြီးဖြစ်သွားတယ်။

" အား f**kပဲဟ! နာလိုက်တာ ''

ybက xzရဲ့မဖြုတ်ရသေးတဲ့ ကားခါးပတ်ကိုဖြုတ်ပေးလိုက်တယ်။

" အမြဲတမ်းပျာယာကိုခတ်နေတာပဲ မင်းခေါင်းကိုလည်ပင်းမှာအလှတပ်ထားတာလား ဟမ်? "

xzကနာသွားရဲ့ရင်ဘတ်ကို ခပ်ဖွဖွပွတ်ပီး ပွစိပွစိပြန်ပြောနေလိုက်တယ်။

သူတို့အထဲရောက်တော့ တက်မဲ့သူရဲ့နာမည်စာရင်းပေးရတယ်။

" ရှောင်းကျန့်ပါ ''

ကျွန်တော့်ချစ်သူ ဆိုးပေလေးWhere stories live. Discover now