" အင်း Adam ပြောတာဖြစ်နိုင်ပါတယ်''

" အစ်ကို သတင်းထောက်တွေကို ဖြေလိုက်ပါအုန်း အာ..သူက မေပယ်လ်ဖြစ်နေတာ ...''

" ဒါဆို သူမက ရုပ်မြင်သံကြားကြည့်ရင်း ''

" အင်း ဟုတ်တယ်.. အဲ့လိုပဲ ''

" Adam ကိုယ့်ကို မင်းအကူအညီတောင်းထားတာလေး ကိုယ်လုပ်ပေးပြီးရင် ကိုယ့်ကို အဖြေပေးနော် ''

" အမ်? အဟမ်း အင်းပါ မေပယ်လ်ကို ရှာတွေ့ဖို့သာ ကူညီပေးပါ အစ်ကို့ကို ကျွန်တော်စဉ်းစားပေးနေပါတယ်''

" အင်း ကိုယ်လိုချင်တဲ့ အဖြေပဲ ဖြစ်ရမယ်နော် ''

"...????''

ဒီလူက အဖြေတောင်းနေတာလား ။
ပြန်ပေးသမားနဲ့တောင်တူနေပြီ။

ရှောင်းကျန့်က တွေးမိတော့ နူတ်ခမ်းစူသွားမိတယ်။ အရူးစုံထောက်ကြီးကတော့
အသည်းယားစွာ ကြည့်နေခဲ့ပါတယ်။ တစ်စက်ကလေးမှ အကြည့်မလွှဲခဲ့ပါဘူးလေ။

" ဘာလို့ အဲ့လို ကြည့်နေတာလဲ အင်တာဗျူးသွားဖြေပါဆိုနေ..''

" အင်း ချစ်တယ်နော် ''

ရှောင်းကျန့်ကတော့ လူကြားထဲမှာလည်း ရွစကီးသည့် ချစ်သူကို မျက်စောင်းထိုးရုံသာ တတ်နိုင်တော့သည်။

Joseph ထွက်သွားမှ ရှောင်းကျန့်က Kitty ကို အသံစလိုက်သည်။

' အဟိန့် Kitty '

' ဟုန့် အဟိန့်ပါ အစ်ကိုရှောင်း '

' အဟိန့် မင်း ဘာလုပ်နေတာလဲ '

' အဟိန့် ခွေးစာတွေ နင်နေတာပါ '

' အဟိန့် ခွေးစာတွေက ကြောင်စားလို့ရတယ်?? ဟုတ်လား '

' အဟိန့် မှန်လှပါ အစ်ကိုရှောင်း '

' မေပယ်လ်က ဘယ်ရောက်သွားလဲ မင်းသိလား Kitty အဟိန့် '

' အဟိန့် ပုကျိတောက်ပါ အစ်ကိုရှောင်း '

' အော် ထားပါတော့ အယ်လာဘယ်ရောက်နေလဲ Luna villa ကိုဖျက်ဆီးတော့မယ့်ဟာ သူမက မလာသေးဘူး '

' မလာဘူးလို့ ဘယ်သူပြောလဲ သရဲမအလှပဂေးက အစ်ကိုရှောင်း နောက်မှာ ဇာတ်လိုက်ကို သွားကြီးဖြီးပြီးကြည့်နေတယ်'

Peculiarly System [Completed ]Tahanan ng mga kuwento. Tumuklas ngayon