အပိုင်း(၁၃)

Start from the beginning
                                    

"ဘာလို့လဲကိုကိုချစ် ဘယ်နေရာနေမကောင်းလို့လဲ"

"ခင်"

"ပြောလေ ကိုကိုချစ် ခင်နားထောင်နေတယ်"

"အစောကိုပြန်ရှာတွေ့မှာပါနော်"

"အစောကဘယ်သူ....အာ ဆရာလေးလား"

ခင်နှင်းရုတ်တရက်ငြိမ်ကျသွားမိသည်။အစောတဲ့...ကိုယ်ပိုင်နာမ်စားလေးတောင်ရှိနေခဲ့တာလား။ရင်းနှီးတယ်ဆိုတာအခုရက်တွေအတွင်းသိခဲ့ပေမဲ့ အစောဆိုသည့်ကိုကိုချစ်နှုတ်ကထွက်ပေါ်လာသောနာမကတော့ဒီတစ်ခါပထမဆုံးပင်။

သူဘယ်လိုပြန်ဖြေလိုက်သင့်ပါသလဲ။ဆရာလေးဘယ်ရောက်နေလဲဆိုတာ ခင်နှင်းကိုယ်တိုင်လည်းမသိသည့်အတွက် သင့်တော်မည့်အဖြေကိုသာဦးနှောက်ကအမြန်စဥ်းစားနေရသည်။

"အင်း အစောတစ်ခုခုဖြစ်နေတာတော့မဟုတ်လောက်ဘူးမလား"

"ဒါပေါ့ကိုကိုချစ်ရဲ့  ဆရာလေးကစိတ်သဘောထားသိပ်ကောင်းတဲ့သူလေ နတ်ကောင်းနတ်မြတ်တွေကဆရာလေးကိုစောင့်ရှောက်မှာပါ အဲတာကြောင့်..ကိုကိုချစ်အရမ်းမစိုးရိမ်နဲ့တော့နော်"

ခေါင်းတညိတ်ညိတ်နှင့်ထောက်ခံတာကြောင့် ခင်နှင်းစိတ်အေးမည်ကြံလိုက်သော်လည်း  ရုတ်တရက်ခက်ထန်လာပြန်သည့်ကိုကိုချစ်၏မျက်နှာအမူအယာကြောင့် ဘာဆက်လုပ်ရမလဲမတွေးတတ်တော့ပေ။

"အဲတာဟိုဂျပန်ကောင်ကြောင့် သူသာအစောကိုမခေါ်ရင်အစောလည်းပျောက်စရာအကြောင်းမရှိဘူး"

ပြောရင်းနှင့်ချစ်စေနေမကောင်းသည့်ကြားက ဒေါသအလိပ်လိပ်ထွက်လာရသည်။တစ်ရွာလုံးပိုက်စိတ်တိုက်လိုက်ရှာနေတာတောင်မှ အစောကိုနှစ်ရက်ကြာသည်အထိမတွေ့သေးပေ။ဟီရိုမာဆာ၏အပြောအရဆိုလျှင် ထိုညမှာအစောက ဟီရိုမာဆာ၏အိမ်ကိုသွားခဲ့သည်။သို့သော်...ဘယ်ကရောက်လာလဲမသိသည့်လူတချို့ကြောင့် ဖက်ဆစ်အုပ်စုလည်းအထိနာသွားရသလို ကြားထဲကအစောကလည်းပျောက်ခြင်းမလှပျောက်သွားခဲ့သည်။

တကယ်ပဲ အစောကဘယ်ရောက်နေတာလဲ။အန္တရာယ်မှကင်းရဲ့လား။အစောကိုခေါ်သွားသည့်လူတွေကရော ဘာရည်ရွယ်ချက်နဲ့လဲ။အစောကိုတစ်ခုခုလုပ်ပစ်လိုက်ကြမှာတော့မဟုတ်ဘူးမလား။

"ဗိုလ်ရာဇနှင့်သူ၏ချစ်သက်လယ်" [Complete]Where stories live. Discover now