" ပတ်ခ်ချန်းယောလ်၊ အခုချက်ချင်းထွက်သွားမှာလား၊ မသွားဘူးလား "

လေသံတင်းမာလာသည့်အပေါ် ချန်းယောလ် က မထီမဲ့မြင်ပြုရင်း ဘတ်ခ်ဟျွန်းဖက်လှည့်လာသည်။ မျက်နှာထားကအစ ဘယ်ကောင်မှ ဂရုမစိုက်ဘူးဆိုသည့်ပုံစံဖြင့် တလောက လုံးကို မီးလောင်တိုက်သွင်းမည့်ရုပ်။ ကျက် သရေမရှိလိုက်လေခြင်း။

" မ .. သွား .. ဘူး "

ချန်းယောလ်က သူ့ထက်ခေါင်းတလုံးစာနီး ပါးနိမ့်တဲ့ ဘတ်ခ်ဟျွန်းနှင့်ညီတူညီမျှဖြစ်သွားအောင် ခန္ဓာကိုယ်ကိုငုံ့ကိုင်းပြီးပြော၏။

တမင်တကာပဲ ဘတ်ခ်ဟျွန်းကိုဒေါသထွက် အောင်လုပ်မယ်လို့ ကြံရွယ်ထားလေသလား အောက်မေ့ရလောက်အောင် ချန်းယောလ်၏ အပြုအမူတွေက မသက်ဆိုင်တော့တဲ့လူတစ်ယောက်အပေါ် ရဲတင်းလွန်းသလို သူ့မျက်နှာ ကြီးကို ကုတ်ဖဲ့ပစ်ချင်လောက်သည်အထိရွံရှာစရာကောင်းသည်။

" မင်းမသွားရင် ငါသွားမယ် "

လက်သီးကိုကျစ်နေအောင်ဆုတ်ပြီး အံကို တင်းတင်းကြိတ်ထားတာကြောင့် ဘတ်ခ် ဟျွန်းနဖူးပြင်ပြေပြေလေးမှာ သွေးကြောတို့က ပြတ်သားထင်ရှားစွာထောင်းထ,နေ၏။

" အိုခေ အိုခေ .. အဲ့လောက်ကြီးထိ Serious ဖြစ်ပြနေဖို့လိုလို့လား "

" Serious ဖြစ်တယ်ဟုတ်လား။ မင်းလုပ်ရပ်မင်းပြန်ကြည့်ဦး ပတ်ခ်ချန်းယောလ် "

ချန်းယောလ်က ရိထေးထေးအပြုံးဖြင့်လက် နှစ်ဖက်ကိုမြှောက်ကာ။

" ကျွန်တော် ဘာလုပ်နေလို့လဲ "

တွဲနေစဥ်ကာလပတ်လုံး ချန်းယောလ်၏ထို ရိထေးထေးအပြုံးဟာ ကြည့်ကောင်းတယ်လို့ ဘတ်ခ်ဟျွန်းသတ်မှတ်ခဲ့မိပေမဲ့ ယခုလို လမ်းခွဲပြတ်စဲပြီးနောက်မှာတော့ ထိုအပြုံးဟာ ငရဲတမျှပူလောင်လွန်းလှသည်။

" ငါတို့ လမ်းခွဲပြီးသားဆိုတာရော မင်းခေါင်းထဲ ထည့်ထားရဲ့လား "

" ထည့်ထားပါတယ်၊ ခု ခင်ဗျားကိုဘာလုပ်နေလို့လဲ .. ခင်ဗျားခန္ဓာကိုယ်ကိုတချက်လေးတောင် မထိရသေးဘူးနော်။ အိမ်လာတာကလည်းစကားပြောချင်လို့ .. ခင်ဗျားကသာတ ခြားအတွေးတွေဝင်နေတာ "

After We Broke Up [ COMPLEDED ]Where stories live. Discover now