" အချစ်ကတော့ မိုးလင်းတာနဲ့ ကိုယ့်ကိုနှင်ထုတ်နေတာပဲကွာ အနားမှာနေပါရစေအုံး "
" ကျတော် အလုပ်လုပ်ရတော့မယ်လေ "
" ပင်ပန်းရင်ပြောနော် ကိုယ်ကအိမ်ကိုချက်ချင်းပြန်ခေါ်သွားမှာ "
" မပင်ပန်းပါဘူး "
" မပင်ပန်းဘူးသာပြောတာ မနေ့ကအိတ်တွေသယ်ရတာနဲ့
လက်ဖ၀ါးလေးတွေပွန်းပဲ့ကုန်ပီ "" ကျတော်အဆင်ပြေပါတယ်ဆို "
" ခေါင်းမာတာလဲလွန်ပါရော "
" ကျတော် တကယ်အဆင်ပြေတာပါ "
" ဟုတ်ပါပီ ဒီတခါထပ်ပီးတော့ မနေ့ကလိုသူများအိတ်သယ်ပေးနေရင်တော့ တကယ်အိမ်ပြန်ခေါ်သွားတော့မှာ "
" ကျတော့်ကိုလဲလွှတ်ပေးအုံးလေ အ၀တ်အစားလဲရအုံးမယ် "
" ကိုယ်အ၀တ်လဲပေးရမလား "
" တော်ပါတော့ "
ရင်ဘတ်ကိုလာထုပီးပြောနေတဲ့ လွန်းကြောင့် ဟန်နရီ ဟက်ဟက်ပက်ပက်ရယ်လိုက်ပီး တင်းကျပ်စွာဖက်ထားတဲ့ ခါးလေးကို လွှတ်ပေးလိုက်သည်
အခန်းကျဥ်းလေးထဲမှာ အ၀တ်အစားလဲခန်းသပ်သပ်မရှိတာကြောင့် လွန်းက ထိုအခန်းမှာပဲ သူ့အပေါ်အင်္ကျီ T shirtလေးကို ဆွဲချွတ်လိုက်သည်...ဖြူဖွေးနေတဲ့ကျောပြင်လေးကနေ ရင်ဘတ်က မှည့်လေးတဆုံး ဟန်နရီက မျက်တောင်မခပ်ကြည့်နေလိုက်သည်သူ့ရှေ့မှာမို့ အင်္ကျီအမြန်လဲဖို့ကြိုးစားခါမှပဲ ကျတော့်အ၀တ်အိတ်က သူခေါင်းအုံးထားမှန်း ပြန်သတိရတော့တယ်...တကယ်ပါပဲ ကျတော်ကလဲ ရှပ်ပြာလိုက်တာ....
" ကျ...ကျတော့်အိတ်..."
" ဘာကိုလဲ "
" ခင်ဗျားခေါင်းအုံးထားတာ ကျတော့်အ၀တ်အိတ် "
" အော် ဒါလား...လိုချင်ရင်လာယူလေ တကူးတကတော့မပေးနိုင်ပါဘူး "
ကျတော့်အ၀တ်အိတ်ကို သူ့လက်ထဲတင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားတာကြောင့် သူ့အနားကိုချဥ်းကပ်သွားလိုက်တယ် ခေါင်းထဲရှိတာတော့ ကျတော်အင်္ကျီအမြန်၀တ်ရဖို့ပါပဲ
ထင်တဲ့အတိုင်း အနားရောက်တာနဲ့ ကျတော့်လက်ကိုဆွဲချလိုက်တာကြောင့် ကြမ်းပြင်ပေါ်မှာ ပက်လက်အနေအထားနဲ့ ဖြစ်သွားရတော့တယ် သူကတော့ ကျတော့်ကိုအပေါ်စီးကအုပ်မိုးကာ ကျတော့်ရဲ့မျက်လုံးတွေကိုသေချာစိုက်ကြည့်နေတယ်
Ep-28(Uni/Zg)
Start from the beginning