ဒါပဲ​လေ Park Jiminဆိုတာ..။
သူ့ရဲ့  ကိုယ်ပိုင် အခန်းငယ်​လေးထဲမှာ ဘယ်​လောက်ထိ ကျရှုံး​နေပါ​စေ..
အပြင်ထွက်လို့ အားလုံးနဲ့ ဆုံ​တွေ့တဲ့အခါ အရှုံးမရှိ အမြဲအနိုင်ရထားသူအသွင်ဖြင့်..
ဟန်​ဆောင်ခြင်း အတတ်မှာ​တော့ တဖက်ကမ်းခတ် ကျွမ်းကျွမ်းကျင်ကျင် ရှိလှသည်။

♧♧♧♧♧♧♧♧♧♧♧♧

"Jimin.. ဒီ​နေ့ အလုပ်နားလာတာလား"

"အင်း"

လိုအပ်သည်ထက် ပိုမ​ပြော​သော စကားအသွားအလာကိုကြည့်ကာ သူနားလည်လိုက်သည်။ ညက မိုးသည်းပုံမျိုးနဲ့ Jiminရဲ့ အတိတ်​တွေ အသစ်ပြန်ဖြစ်ခဲ့ပြီ ထင်ပါရဲ့။
တခြားသူ​တွေ​ရှေ့မှာ ဘယ်​လောက်ပဲ ဟန်​ဆောင်​ကောင်းပါ​စေ..
သူက​တော့ အားလုံးကို သိ​နေခဲ့သည် မဟုတ်လား။
​မွေးတည်းကမဟုတ်​ပေမယ့် က​လေး​ပေါက်စဘဝကတည်းက မခွဲအတူ ရှိလာခဲ့​တော့ Jiminဘာဖြစ်​နေလဲဆိုတာကို ကြည့်လိုက်ရုံနဲ့ တန်းသိနိုင်တာ Kim Taehyungအပြင် မရှိ။

ဘီယာခွက်ကို တစ်ကျိုက်တည်း ​မော့ချကာ ရင်ထဲက ​ဝေဒနာ​တွေအား ​​ဖြေ​ဖျောက်​နေ​သော သူငယ်ချင်းဖြစ်သူကို မတားဘဲ ကြည့်​နေလိုက်သည်။ တားလည်း ရမှာ မဟုတ်သလို မတားချင်တာဆိုရင်လည်း ပိုမှန်ပါလိမ့်မယ်။

ဒီလိုမျိုး​က Jiminရဲ့ နာကျင်မှု​တွေကို အနည်းငယ် ​လျော့ပါး​စေနိုင်တယ်ဆိုရင် သူ​ကျေနပ်လိုက်ရတာ​ပေါ့။ ငယ်ငယ်တည်းက ​ပေါင်းလာခဲ့တဲ့ Jiminဟာ စိတ်ညစ်ရင်လည်း အရက်​​သောက်၊ ​ပျော်ရင်လည်း အရက်​​သောက်၊ ဘာမှမဖြစ်လည်း ​သောက်ချင်စိတ် ​ပေါ်လာပြီဆိုရင် အရက်​သောက်​လေ့ရှိသည်။
မူးယစ်​စေ​သောအရာကို နှစ်သက်​နေတဲ့
ကြွက်တွင်း​လေးကို ကြည့်ကာ ​ခေါင်းခါလိုက်မိသည်။

ဒီ​လောက်​သောက်​နေတာ Jiminရဲ့ အသည်းက အ​ကောင်းတိုင်းရှိပါ​တော့မလား။
သူလည်း ဘာထူးလဲ။ Jiminနဲ့ အတူ ​သောက်​ပေးပါများပြီး သူ့အသည်းလည်း ​ကောင်းချင်ပါ​တော့မလား။
အ​တွေးများ​နေတုန်း Jiminက အရက်ပြင်းပြင်း တစ်ခွက်ကို ထပ်မှာကာ အကုန်​မော့ချ​တော့မလို လုပ်​နေလို့

"Jimin..နားအုန်း​လေကွာ..ဆက်တိုက်ချည်း"

"ဘာမှမဖြစ်ဘူး Taehyung...​အေး​ဆေး​ပါကွာ"

Forget Me NotWhere stories live. Discover now