Chapter(7)(U&Z)

16.5K 1.4K 34
                                    

Unicode//

ပျားသကာသို့ ချို လှသောချစ်ခြင်း နှင့်
Chapter (7)

For zawgyi users, please scroll down the page😘😘.

"ဘာ!!!!"

အာမေဍိတ် သံက လည်ချောင်း ဝမှ ဆောင့် ထွက် သွားလေတော့သည်........................။

"မိထက်ကို ခိုင်းစရာ မရှိတော့ရင် သွား တော့မယ်နော်....................။"

ဘာတဲ့။ ဘယ်လို ဖြစ်နိုင်မှာလဲ.............။

အခု ကျွန်တော်က မာဖီးယား နဲ့ တစ်အိမ် တည်း နေနေရရုံ မကလို့ တစ်ခန်း တည်းပါ အတူ တူ သုံး ရတော့ မှာတဲ့လား....................။

မဖြစ်နိုင်ဘူး ..................မဖြစ်နိုင်ဘူး................ဘယ်လိုမှ မဖြစ်နိုင်ဘူး.....................။

အခန်း တွင်း ၌ ဟို ဘက် ဒီဘက် ခေါက်တုံ့ ခေါက် ပြန် လျှောက်ရင်း ဘာလုပ်လို့ လုပ်ရမှန်းမသိ......................။

မနေချင်ဘူး .....................။
ဒါပေမယ့် မငြင်း ရဲ ပြန်ဘူး.....................။

နောက်ဆုံး တွင်တော့ အခြေနေကို မီးစင်ကြည့်က ရန်သာ ဆုံး ဖြတ် လိုက်သည်.....................။

ဟူး စိတ်မော စွာ သက်ပြင်းချ ရင်း သဘက် အဖြူ ကြီး ကို လှမ်းယူကာ ရေချိုး ခန်း အတွင်းသို့ ဝင်ရောက်လိုက်သည်.........................။

ဝါး အလင်းပြန် နေသည့် အဆင့်မြင့် ကြွေပြား တွေ နှင့် ခင်းကျင်းကာ အလှဆင်ထားသည့် ရေချိုးခန်း ကြမ်းခင်းများက လှပ သပ်ရပ်လွန်းလှသည်....................။

ကြွေဘေစင်နှင့်  အတူ ကိုယ်လုံး ပေါ်မှန်ကြီး...........။
ရေချိုးရန် ကြွေဇလုံ ကြီး က ရေကန်ငယ်လေး တစ်ခုအလား ကြီးမား ကျယ်ပြန့်လှသည်.......................။

တစ်ဖက် မျက်နှာ ချင်းဆိုင် နံရံ ၏ တစ်ဝက်လောက်ကို နေရာယူထားသည့် တီဗွီ........................။
ရီမုတ်ကို ယူကာ လှမ်းဖွင့်ပြီး  music channel ကို ရွေးလိုက်သည်.....................။

ရေနွေး နွေး လေး စပ်ပြီး နောက် ကြွေဇလုံ အတွင်းသို့ ခြေလှမ်းကာအသာ ဝင်လှဲ ချလိုက်သည်.....................။

အားပါးပါး ................။
သဘော ကျချင်စရာကြီး.................။
စိတ်ရှုပ်နေခဲ့သမျှပင် ပြေ ပျောက်သွား သလိုလို....................။

(ပျားသကာသို့ချိုလှသောချစ်ခြင်း နှင့်🌹🌷)(Completed)Where stories live. Discover now