အက်ရှရှရယ်သံနဲ့ ဆိုလာတဲ့ သူမရဲ့စကားသံက ဆောင်းလေညှင်းထက်ပိုပြီး အေးစက်ကာ ကြက်သီးထစရာ ကောင်းသည်။

" ဘာလို့ မေပယ်လ်ရဲ့ကိုယ်ထဲဝင်နေတာလဲ ''

" အို့..မဟုတ်ရပါဘူး ကောင်လေးရဲ့ မင်းသူငယ်ချင်းမလေးက Luna မှာကျန်နေခဲ့ပြီလေ..ငါက မင်းသူငယ်ချင်းကိုယ်ထဲဝင်နေတာမဟုတ်ဘူး..အဟင်း...''

" ဒါဆို.. ''

"ဟုတ်တယ်..''

"Maple ကိုဘာလို့ ဖမ်းထားတာလဲပြောပါ သူက မစ္စအယ်လာနဲ့ ဘာတွေရန်ငြိုးရှိနေလို့လဲ ''

" အဲ့တာတွေက မင်းနဲ့မဆိုင်ဘူး မင်းလုပ်ရမှာက ငါနဲ့ မစ္စတာဂျိုးဇက်နဲ့ နီးစပ်ဖို့အတွက်ကူညီပေးဖို့ပဲ.. ပြီးရင် ငါ့ဘာသာငါလှုပ်ရှားမယ် ''

သူမကိုကြောက်ရွံ့ဟန်တစ်ချက်မပြဘဲ အေးတိအေးစက်နဲ့စကားဆိုနိုင်တဲ့ ဒီကောင်လေးက ဘာများလဲ ။ လို့ အယ်လာက စဉ်းစားနေမိသည်။

" ဘာလို့ အဲ့လို လုပ်ချင်ရတာလဲ ''

မေးလာတဲ့ ကောင်လေးစကားကြောင့် အယ်လာက ပြုံးလိုက်သည် ။ တစ်ခြမ်းတည်းလှနေတဲ့သူမမျက်နှာလေးက အဒမ်ကိုမလန့်စေဘူးဆိုတာသူမ မယုံဘူး။

" သူတို့နှစ်ဦးကို မပေါင်းစေချင်လို့ ''

" ဒါက ခင်ဗျားရဲ့ မျက်နှာလား..မဆိုးပါဘူး လှသားပဲ..အဟမ်း.. သူတို့က တကယ်လို့ ခင်ဗျားထင်သလို မဖြစ်ရင်ရော..''

" ဘာကိုဆိုလိုတာလဲ ''

" သူတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် မချစ်ဘဲ တစ်ခြားသူနဲ့ဆိုရင်ချစ်ကြိုက်သွားမယ် ပေါင်းဖက်သွားမယ်ဆိုရင်ရော ''

".........''

" အဲ့လိုမျိုး ဖြစ်လာရင်ရော ခင်ဗျားက လိုက်သတ်မှာလား..''

Ella ကတိတ်ဆိတ်သွားသည်။ သူမအနေနဲ့ တစ်ခါမှ အဲ့လိုမျိုးတွေ မတွေးဖူးဘူး ။
ပြီးတော့ အရင်ဘဝတွေလည်းပုံမှန်ပဲ Alexander နဲ့ Jisel က ချစ်သူတွေဖြစ်ခဲ့ကြတာမို့ ။

" ငါ စဉ်းစားလိုက်အုန်းမယ် ကောင်လေး ဘာပဲဖြစ်ဖြစ် မင်းငါ့ကို ကူညီမယ် လို့ ကတိပေးထားတာမမေ့နဲ့ ''

Peculiarly System [Completed ]Where stories live. Discover now