ကြောက်လန့်ရင်း ၊ ထိတ်ပျာရင်း ကျောင်းသို့ ဘယ်လို ရောက်လာမှန်းပင်မသိလိုက်.....................။

အဝေးမှ လှမ်းမြင် နေရသည့် ကျောင်းမုခ်ဝကြီးကပင် ကျွန်တော့်ကို ဆင်းရဲဒုက္ခ မှ လွတ်မြောက်အောင်ကယ် တင်မည့်  ကယ်တင်ရှင်ကြီးလိုလို.......................။

ကျောင်းဝင်းထဲသို့ကားကွေ့ကာ ဝင်လိုက်ချိန်တွင် ထိုလူ့ကို ပြောလိုက်သည်.......................။

"ကျွန်တော့်ကို ဒီနား မှာ ချ ပေး ခဲ့ ရင် ရပါပြီ ခင်ဗျ......................။"

"အိုကေလေ .............။
မင်း ကျောင်းဆင်းမည့် အချိန် ကျရင် ဖုန်း ဆက်လိုက်......................။
လာကြို ဖို့ လူ လွတ် ပေး လိုက်မယ်.....................။"

"မ မ ဟုတ်တာ အဲ့လောက်အလုပ်ရှုပ် ခံ စရာ မ မလိုပါဘူး..................။
ကျွန်တော့်ဘာသာ ကျွန်တော် ပြန် လိုက်လို့ ရပါတယ်.......................။"

"ကိုယ်က လာကြို ချင်တယ် ဆိုရင်ရော..................။"

လာပြန်ပြီ ဒီ ငြင်းရဲ ငြင်းကြည့် ဆိုသည့်အကြည့်....................။
မုန်းလိုက်တာနော် မုန်းလိုက်တာ......................။

"အဟဲ ရပါတယ် ရပါတယ် လာကြိုလို့ ရပါတယ်................။
အစ်ကိုကြီး လာကြိုလို့ရပါတယ် ခင်ဗျ...................။"

"အိုး ဘေဘီက ကိုယ့်ကို အဲ့လောက်တောင် လာကြို နေစေချင်တာလားကွာ.....................။"

ဘောကို လာကြို နေစေချင်တာ မအေဘေးရေ.......................။
ထိုလူက သွားတက်ကလေး ပေါ်လွင်သွားအောင် လှစ်ခနဲ ပြုံး လိုက်ရင်း ပြောလာသည်....................။

" ကိုယ်က အဲ့ဒီ အချိန်ကျ ရင် အရေးကြီး လုပ်စရာ  အလုပ်ကိစ္စ ရှိနေလို့ ကိုယ် ကိုယ်တိုင် တော့ လာမကြိုနိုင်တော့ဘူးကွာ .......................။
အိုခေ လေ ဒါဆို ကိုယ်သွားပြီ ကလေး......................။"

အမလေး ကျေးဇူးကမ္ဘာ မြန်မြန်သာကြွပါတော့.......................။
ထိုလူက ကျွန်တော့်ကို တစ်ချက် စိုက်ကြည့်ကာ ကျွန်တော့်နှာခေါင်းသို့ သူ့ လက်ဖြင့် ဖွဖွ လေး တောက်ထည့်လိုက်ရင်း  ထွက်ခွာ သွားလေတော့သည်.......................။

နည်းနည်း နာသွားသော နှာခေါင်းကိုမကျေမနပ်ဖြင့် လှမ်းပွတ်ရင်း ကျွန်တော် ထိုကား လှည့်ထွက် သွားရာသို့ ကြည့်နေမိသည်........................။

(ပျားသကာသို့ချိုလှသောချစ်ခြင်း နှင့်🌹🌷)(Completed)Where stories live. Discover now