' ရှေ့နားဆို ဆေးသွားထိုးပေးရတော့မှာ ကျတော့်အိတ်ပြန်ပေး '

" အဲ့တာဆိုလဲ အဲ့ရှေ့နားရောက်မှ ပေးမယ်လေ '

" မရဘူး အခုပေး "

မျက်နှာလေးဆူပုတ်ပီးပြောနေတာကြောင့် လက်ထဲမှာကိုင်ပေးထားတဲ့ ဆေးအိတ်တွေကို သူ့လက်ထဲပြန်ထည့်ပေးလိုက်တယ် စိတ်ထဲတော့ သိပ်ဘ၀င်မကျ...

ခွေးလေးတွေကို ဆေးလိုက်ထိုးပေးနေတဲ့ ဆရာ၀န်လေးကို ခပ်လှမ်းလှမ်းကနေ ဟန်နရီက ကားနဲ့တောက်လျှောက်လိုက်ကာ အခြေအနေအမြဲစောင့်ကြည့်နေသည်...လွန်းလွန်းက မျက်စပစ်ပြပြီး အတင်းပြန်ခိုင်းလဲ မပြန်ပဲခေါင်းမာလျှက်ပင်

ခွဲရတာ တရက်တောင်မပြည့်သေးပဲ အခုထဲက အလွမ်းလာသယ်နေသူကြောင့် နေရခက်တာတော့အမှန်...မလှမ်းမကမ်းကားပေါ်ကနေ အမြဲကြည့်နေတာကြောင့် အလုပ်ထဲတောင်အာရုံသိပ်မရောက်နိုင်တော့ပါဘူး ကိုယ်ကလဲလွမ်းနေတာကြောင့် တွေ့ချင်ပေမဲ့ အလုပ်ချိန်ဖြစ်နေတာကြောင့် စိတ်တွေကိုချုပ်တည်းထားရသည်
လမ်းလျှောက်ရတာ ညောင်းလာတာကြောင့် ကျတော်တို့ တာ၀န်ကျ ဆရာ၀န်သုံးယောက်က လမ်းဘေးနားက သစ်သားထိုင်ခုံလေးမှာ ခဏထိုင်ပြီးအနားယူလိုက်ကြတယ်ပူပြင်းလွန်းနဲ့ နေပူဒဏ်ကြောင့် ကျတော့်မျက်မှန်ကိုခဏချွတ်လိုက်ပီး နဖူးကနေ စီးကျနေတဲ့ ချွေးတွေကို အိတ်ထဲမှာပါလာတဲ့လက်ကိုင်ပ၀ါလေးနဲ့ သုတ်ပစ်လိုက်တယ်....ပင်ပန်းနေပေမဲ့ ကိုယ်ရွေးချယ်ခဲ့တဲ့လမ်းမို့ စိတ်မညစ်ပါဘူး

" အရမ်းပူနေရင် ကားထဲမှာလာနားနေလို့ရတာပဲလေ ဒေါက်တာကအရမ်းပြောရဆိုရ ခက်လွန်းတယ် "

ဘေးနားကို အမြန်ရောက်ချလာတဲ့သူကြောင့် ကျတော့်မှာဘာလုပ်ရမှန်းမသိအောင် ပြာယာခတ်သွားရပြန်ပါတယ် ဘေးနားက တာ၀န်ကျ ဆရာ၀န်နှယောက်ကလဲ ကျတော့်ကို ထီးလာဆောင်းပေးနေတဲ့ သူ့ရဲ့ပုံစံကိုသာ ခေါင်းစခြေဆုံး ကြည့်နေကြသည်

" လွန်းလွန်း သူက ဘယ်သူလဲ "

" အာ ကျတော့်...ကျတော့်အကိုပါခင်ဗျ "

စိတ်ထဲဖွင့်ဟဖို့ အဆင်သင့်မဖြစ်သေးတာကြောင့် ကြည့်ကောင်းအောင်ပြောလိုက်ပေမဲ့ ဘေးနားက ကျတော့်လူကတော့ မျက်မှောင်ကျုံ့ပီး ခပ်ထူထူမျက်ခုံးလေးတွေမှာ တွန့်ကွေးသွားသည်

HANARY(S1+S2) Where stories live. Discover now