ကင်မ်ဆော့ဂျွန်းနဲ့ တွေ့ရဖို့အရေးအတွက်
အကြောင်းရှာကာ သူဠေးဂျွန်အိမ်ကို ပထမအကြိမ်သွားခဲ့ပေမယ့် အခွင့်မသာခဲ့လိုတွေ့ခွင့်မရခဲ့။ဆော့ဂျွန်းက ခြံနောက်ဖက်က အလုပ်သမား
တန်းလျားဆောင်မှာဘဲနေပြီး အလုပ်လုပ်ရရင်လည်း အိမ်မကြီးထဲမှာ လုပ်ခွင့်မရှိဘူးတဲ့လေ။ပထမအကြိမ်မှာအလုပ်သမားေတွဆီမှဒါတွေကိုသိလိုက်ရတော့ ဒုတိယ တခေါက်အတွက် ပိုအဆင်ပြေသွားသည်။
ဒါကြောင့် ဒီနေ့ သူဠေးဂျွန်ရဲ့ အရေးကြီးဖိုင်တွဲတခု ရုံးမှာကျန်ခဲ့သည်ကို အစထဲကသတိမပေးဘဲ အိမ်ရောက်လောက်မည် အချိန်မှ ဖုန်းဆက်အကြောင်းကြားတော့
သူလိုချင်သည်အဖြေကိုရလာခဲ့သည်။**အရေးကြီးကိစ္စမရှိရင် အိမ်ကိုလာပို့ပေးပါတဲ့**
မဆိုင်းမတွပင် companyမှ ပေးထားသည့်
ကားဖြင့် သူဠေးဂျွန်အိမ်သို့ဦးတည်လာခဲ့မိလိုက်သည်။"သူဠေးက ရေချိုးခန်းထဲ အခုပဲ ဝင်သွားတယ် "
အိမ်ထိန်းအဒေါ်ကြီးရဲ့ စကားကြောင့်
သူမှာတခြားကိစ္စတွေရှိသေးလို သူဠေးကိုမစောင့်နိုင်တော့ဘူးဟုဆိုကာ
ဖိုင်တွဲကို ပေးအပ်ခဲ့ရင်း သူ အကြံအစည်ကို အကောင်အထည်ဖော်ရန် ခြံဝန်းထဲသို့ထွက်လာခဲ့လိုက်သညါ။အနောက်ဘက်ခြံဝန်းနားသို့ရောက်ရန်
အတော်အသင့် လျှောက်လာခဲ့ပြီးနောက်
တထပ် တိုက်အပုလေးတလုံးကိုဦးစွာတွေ့လိုက်ရသည်။"ကဲ ဆော့ဂျင် စားပြီးတာနဲ့ ဟိုကြက်သွန်အိတ်တွေနွာထားနော် မနက်ဖြန်အပြီး
အော်ဒါ မှာထားတာမို့ !!"ဆော့ဂျင်ဆိုတဲ့စကားသံကိုကြားလိုက်ရသည်မို့ သူ့ခြေလမ်းတွေမြန်သွားကာ ထိုတိုက်အပုလေးဆီရောက်သွားမိသည်။
ဇလုံလေးထဲထမင်းရော ဟင်းတွေပါ ရောနှယ်ထားသည်များကို မြိန်ရှက်စွာစားနေသူက သူကိုမြင်တာနဲ့ လက်ထဲ ဇလုံလေးပြုတ်ကျသွားက အံဩတကြီးကြည့်လာသည်။"ဟို ဟိုဆော့~~"
မျက်ရည်တွေရစ်ဝိုင်းလာပြန်ရင်း သူကိုပြေးဖက်လာသည်က အနောက်ပင်ယိုင်ကျသွားမတက်။ လက်တွေက သူခါးကိုအတင်းအကြပ်
ဖက်တွယ်ထားပြန်လို သူထိုလက်တွေကို ဖယ်ထုတ်ဖို့ကြိုးစားတော့
မမှီမကမ်းဖြင့် သူလည်ပင်း၌ဖက်တွယ်လာပြန်သည်။
YOU ARE READING
Same But Different ☑️ Complete
Fanfictionမင်းကသူမဟုတ်မှန်းသိပေမယ့် ကိုယ်အနားက ထွက်သွားခွင့် မပြုနိုင်ခဲ့ဘူး ၊ မင်းကို သူထက်ပို ချစ်သွားလိုထင်ပါရဲ့ ။