The End:

321 20 54
                                    

" ဝေးးးး ထယ်ယောင်း မတွေ့တာတောင်ကြာပြီ "

" ဟုတ်တယ် စီနီယာ.. "

ထယ်ယောင်းက အပေါ်ကုတ်ကိုချွတ်ကာ ၊ လက်၌ချိတ်ပြီး တပါတည်းပင် တင်းကြပ်စွာ စီးနှောင်ထားတဲ့ နက်ကတိုင်ကိုပါ နေရထိုင်ရသက်သာစေရန် ဆွဲချလိုက်တယ်။

ထယ်ယောင်း လွတ်နေတဲ့ ထိုင်ခုံနေရာမှာဝင်ထိုင်လိုက်သည်။ စီနီယာမင်းဂျုံက အရက်တစ်ခွက်ငှဲ့ပေးလာတယ်။

" မသောက်ဘူးမလုပ်နဲ့.. သောက်လိုက် "

" ဟာဗျာ.... စီနီယာက ကျွန်တော့်စိတ်ကိုသိနေတာပဲ "

ထယ်ယောင်းငြင်းဖို့ကြံနေတာကို စီနီယာက သိနေသည့်အလား ၊ လက်ထဲဖို့ အရက်ခွက်ကိုထိုးထည့်ပေးသည်။ ဒီလိုပွဲမျိုးဆိုတာ ငြင်းရင်လည်း မကောင်းတာမို့ ခွက်ထဲက အရက်အား တစ်ကျိုက်မော့လိုက်သည်။

မသောက်နိုင်တဲ့သူမဟုတ်ပေမယ့်
ဖြတ်ထားတာကြာနေပြီမို့ သိပ်ပြီးအရင်လိုမရဲသေးချေ။ ကင်မ်ထယ်ယောင်း ကျောင်းသားဘဝက ဘယ်လောက်ဆိုးခဲ့လဲဆိုတာ ၊ ကင်မ်ထယ်ယောင်းကိုယ်တိုင်ပဲသိတယ်။

ဒီပွဲဟာ.. ကျောင်းသားဟောင်းများတွေ့ဆုံပွဲ။
ကျောင်းသားဟောင်းဆိုသော်လည်း ဆယ့်ငါးယောက်လောက်သာရှိသည်။ အကုန်လုံး မေဂျာတူ ၊ အဆောင်တူခဲ့တဲ့ သူငယ်ချင်တွေဖြစ်တာမို့ ပျော်ပျော်ပါးပါးပင်။

ကျောင်းတုန်းက
မျက်မှန်းတန်းမိခဲ့ပေမယ့် ၊ အခုထိ စကားဆိုလို့
တစ်လုံးတောင်မဆိုဖူးသေးတဲ့ လူတွေလည်းပါလာသည်။ ဒီလူတွေကတော့ စီနီယာမင်းဂျုံနဲ့ ဆက်စပ်ပြီးပါလာတဲ့ ကျောင်းသားဟောင်းတွေပဲဖြစ်ရမည်။

ဆိုင်လေးသည်ကာ လမ်းဘေးဆိုင်လေးပင်။
မိုးကာရွက်ကြီးများနှင့်သာ ကာရံထားသည့်ဆိုင်လေးထဲတွင် ထယ်ယောင်းတို့ဝိုင်းသာရှိသည်။
တီဗွီမှလာနေသည့် သီချင်းကို အာရုံစိုက်ပြီးနားထောင်ကြည့်တော့မှ ခရစ်စမတ်ရောက်ဖို့ တစ်ပါတ်တောင်မလိုတော့ချေ။

အပြင်ဘက်တွင် ချမ်းစီးနေပေမယ့်
ဆိုင်လေးထဲတွင်တော့ အနွေးဓာတ်ငွေ့ငွေ့လေးရှိနေသည်။ အကုန်လုံးကတော့ ရေပက်မဝင်အောင်
စကားတွေပြောဆိုနေကြပေမယ့် ၊ ထယ်ယောင်းဟာ နားထောင်သမားသက်သက်လိုဖြစ်နေပြီ။
တကယ်ဆို ထယ်ယောင်း ဒီမှာခင်တာဆိုလို့
စီနီယာမင်းဂျူသာရှိနေသည်။ ကျောင်းတုန်းကပေါင်းခဲ့တဲ့ကောင်တွေက အဆက်သွယ်ပြတ်နေတာကြာလှပြီဖြစ်သည်။

Back To December || Taegi ||Nơi câu chuyện tồn tại. Hãy khám phá bây giờ